Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်က မယ်လစခန်းကို တစ်ရက်အတွင်း KNU သိမ်းယူ

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို တစ်ရက်တာတိုက်ပြီး ဒီနေ့ (မေလ ၁၆ ရက်) မနက်ပိုင်းမှာ KNU နဲ့ ပူးပေါင်းတပ်က အပြီးသတ်ရှင်းလင်း သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

ဓာတ်ပုံ - Google Earth ၊ Addy Chaiyadech/FB

မေ – ၁၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို တစ်ရက်တာတိုက်ပြီး ဒီနေ့ (မေလ ၁၆ ရက်) မနက်ပိုင်းမှာ KNU နဲ့ ပူးပေါင်းတပ်က အပြီးသတ်ရှင်းလင်း သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

မယ်လစခန်းကို ဒီမနက်ပိုင်း မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲဝန်းကျင်မှာ အပြီးသတ် သိမ်းယူလိုက်နိုင်တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

မယ်လစခန်း​ (​မော်ကွီးလူ) စခန်းဟာ KNU တပ်မဟာ (၇ ) စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာရှိပြီး ထိုင်းနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ် ၊ ဝေလယ်မူး (မယ်လ) ရွာ အနောက်ဘက်မှာ တည်ရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစခန်းကို မနေ့ (မေလ ၁၅ ရက် ) မနက်ပိုင်း ၄ နာရီခွဲအချိန်မှာ KNU တပ်မဟာ (၇) က ဒရုန်းတွေ သုံးပြီး စတင်တိုက်ခိုက်တာပါ။

စတင်တိုက်ခိုက်တဲ့နေ့ ညပိုင်းမှာ ပဲ မယ်လစခန်းမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်မှု ဒဏ်ကိုမခံနိုင်တော့ဘဲ စခန်းရဲ့တောင်ဘက်ကို ဆုတ်ခွာ ထွက်ပြေးသွားရတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စခန်းကိုအပြီးသတ်ရလိုက်တဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ထိုင်းနယ်စပ်အနီး က တာလယ်ဗျုဟာကိုသိမ်းပြီးနောက်မှာ မယ်လစခန်းကိုဆက်လက်သိမ်းယူဖို့ KNU က တိုက်ခိုက်ခဲ့တာပါ။

ဝေလယ်မူး(မယ်လ)အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မယ်လအပါအဝင် အနီးအနားကျေးရွာက ဒေသခံပြည်သူ ၄၀၀ ကျော် ထိုင်းဘက်ခြမ်းဆီ ထွက်ပြေးလာကြတယ်လို့ ထိုင်းသတင်းရင်းမြစ်ကလည်းအသိပေးပါတယ်။

လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်တလျောက်က စစ်ကောင်စီတပ်စခန်းတွေထဲ ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ နဲ့ မယ်လစခန်းကိုပါ အခုနှစ်အတွင်း KNU တပ်မဟာ (၇) ကသိမ်းယူပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ မော်ဖိုးခီ့(မော်ဖိုးကေ)စခန်း နဲ့ နော်တရာစခန်းတို့ ကျန်ရှိနေပါတယ်။ လက်ကျန်စခန်းတွေကိုလည်း KNU က ဆက်လက်တိုက်ခိုက်ဖို့ ရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကျန်ရှိတဲ့ တပ်စခန်းတွေ မကျဖို့ မြေပြင်ကနေ စစ်ကူစေလွှတ်နိုင်စွမ်းမရှိတော့ဘဲ လေကြောင်း ပစ်ကူကိုသာအားပြုနေရတယ်လို့လည်းသတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်း – မြန်မာနယ်စပ်မှာ နေရာယူ တပ်စွဲထားတဲ့ မဆုတ်တမ်း ခံစစ်စခန်းတွေ ၊ ခြေကုပ်စခန်းတွေ ဆက်တိုက် ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းအမှောင်ချထားပါတယ်။

နယ်စပ်အနီးဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်မျဉ်းတလျောက် တပ်ဖြန့်ပြီး မြန်မာဘက်ခြမ်းက အခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook