Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် သြစတြေးလျ အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ပြန်

အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရစေခဲ့တဲ့ စစ်ကိုင်းတိုင်းရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် သြစတြေးလျနိုင်ငံက အလွန်အမင်းစိုးရိမ်ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။

▪️အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ဖို့ တိုက်တွန်း

မေ-၁၆၊ ၂၀၂၅။ People’s Spring

အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရစေခဲ့တဲ့ စစ်ကိုင်းတိုင်းရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် သြစတြေးလျနိုင်ငံက အလွန်အမင်းစိုးရိမ်ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။

သြစတြေးလျနိုင်ငံခြားနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး စစ်ကောင်စီအနေနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ဖို့နဲ့ အပစ်ခတ်ရပ်စဲရေးကြေညာချက်ကို လိုက်နာဖို့ ဖော်ပြတိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ကာ ပါဝင်ပတ်သက်သူတွေအကြား တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ဖို့ တိုက်တွန်းထားကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေမှုကို အဆုံးသတ်ဖို့၊ ၂၀၀၈ အခြေခံဥပဒေပယ်ဖျက်ဖို့၊ စစ်တပ်ကျူးလွန်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ တရားမျှတမှုရရှိရေးလုပ်ဆောင်ဖို့ အချက်တွေ ပါဝင်တဲ့ ဦးတည်ချက် ၆ရပ်ကို စစ်တပ်က သဘောတူလိုက်နာဖို့ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ငလျင်အကြောင်းပြ ယာယီအပစ်ခတ်ရပ်စဲရေး ကြေညာထားပေမယ့် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်နေမှုနဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေ ရပ်တန့်ခြင်းမရှိတဲ့အပေါ် ဟန်ပြအပစ်အခတ်ရပ်စဲရေးကြေညာချက်တွေလို့ NUG က ပြောပါတယ်။

စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲမှုတွေအတွက် ကျင့်ဝတ်စည်းကမ်း (code of conduct) တွေ၊ သဘောတူညီမှုတွေ လိုအပ်မှာဖြစ်သလို အဲဒီ့ ကျင့်ဝတ်၊ သဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ သေချာစေဖို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု (international monitoring mechanism) လိုအပ်မှာဖြစ်ကြောင်းနဲ့ သဘောတူထားတဲ့ ကျင့်ဝတ်၊ သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် ချိုးဖောက်သူကို ဘယ်လို အရေးယူမလဲဆိုတဲ့ အရေးယူမှုတွေလည်း ပါဝင်ရမှာဖြစ်တယ်လို့ NUG က ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပါးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာအာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့နှစ်လတာအတွင်းအရပ်သားပြည်သူ ၂၀ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့( KNDF) ကအောက်တိုဘာလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မလေးရှားကုမ္ပဏီတွေကို အရေးယူဖို့တိုက်တွန်း

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

Facebook