Connect with us

Hi, what are you looking for?

သတင်း

အင်အားအသင့်အတင့်ရှိ ​နောက်ဆက်တွဲငလျင်ထပ်လှုပ်

မန္တလေးတိုင်း၊ကျောက်ဆည်မြို့အနောက်တောင်ဘက် ၂၁ ကီလိုမီတာ(၁၃ မိုင်​ကျော်)အကွာကိုဗဟိုပြု၍ ​မေလ ၁၇ ရက်ည ၁၀နာရီ ၂၅ မိနစ်တွင်ရစ်ချ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်ရာ မန္တ​လေးမြို့တွင်သိသိသာသာခံစားခဲ့ရပြီး ပြည်သူများလမ်း​ပေါ်ထွက်​ပြေးခဲ့ကြရသည်။

​မြေငလျင်လှုပ်ခတ်ပြီး​နောက်လမ်း​ပေါ်ထွက်လာကြ​သောပြည်သူများ။ဓါတ်ပုံ-​ဒေသခံပြည်သူများ

■မန္တ​လေးမြို့မှ ပြည်သူများ လမ်းများ​ပေါ်သို့ထွက်​ပြေးရ

​မေ-၁၇၊၂၀၂၅။People’s Spring

မန္တလေးတိုင်း၊ကျောက်ဆည်မြို့အနောက်တောင်ဘက် ၂၁ ကီလိုမီတာ(၁၃ မိုင်​ကျော်)အကွာကိုဗဟိုပြု၍ ​မေလ ၁၇ ရက်ည ၁၀နာရီ ၂၅ မိနစ်တွင်ရစ်ချ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်ရာ မန္တ​လေးမြို့တွင်သိသိသာသာခံစားခဲ့ရပြီး ပြည်သူများလမ်း​ပေါ်ထွက်​ပြေးခဲ့ကြရသည်။

စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ငလျင်ကြီးလှုပ်ပြီး တစ်လခွဲ​ကျော်ကြာသည့်တိုင်မကြာခဏလှုပ်ရှား​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယ​နေ့ည လှုပ်ခတ်​သော​မြေငလျင်မှာ အ​မေရီကန်​မြေငလျင်တိုင်းတာ​ရေးဌာန-USGS ၏ ထုတ်ပြန်ချက်အရမြေအောက်အနက် ၁၀ ကီလိုမီတာ(၆ မိုင်)​ကျော်အကွာကိုဗဟိုပြုလှုပ်ခတ်​သောဇောက်တိမ်ငလျင်ဖြစ်၍ ငလျင်လှုပ်ခတ်သည်ကို အနီးဝန်းကျင်​ဒေသမှပြည်သူများသိသိသာသာ ခံစားခဲ့ကြရသည်။

အင်အားအသင့်အတင့်ရှိငလျင်လှုပ်ခတ်ပြီး​နောက် မန္တ​လေးမြို့မှပြည်သူများမှာစိုးရိမ်၍ လမ်း​ပေါ်ထွက်​ပြေးလာကြပြီး အချိန်အ​တန်ကြာ ငလျင်ထပ်လှုပ်၊မလှုပ်ကို​စောင့်ကြည့်ခဲ့ကြသည်။

မတ်လ၂၈ ရက်တွင်လှုပ်ခတ်ခဲ့​သောစစ်ကိုင်းငလျင်ကြီး​ကြောင့် မန္တ​လေးမြို့တွင် ပြည်သူ​ထောင်ချီ​သေဆုံးခဲ့ပြီး ​နေအိမ်အ​ဆောက်အအုံများစွာပြိုကျပျက်စီးခဲ့သည်။မန္တ​လေးမြို့တွင် ငလျင်ကြီးလှုပ်ပြီး တစ်လခွဲ​ကျော်ကြာသည့်တိုင်ငလျင်​ကြောင့်အပျက်အစီးများကို ပြီးစီး​အောင်မရှင်းလင်းနိုင်​သေး​ပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။