Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့အနီး ပင်လယ်ပြင်၌ ရစ်ခ်တာစကေး ၅ဒဿမ ၁အဆင့် ငလျင်လှုပ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင်လယ်ပြင်အတွင်း ရစ်ခ်တာစကေး ၅ဒဿမ ၁ အဆင့်ရှိငလျင် ယနေ့ (မေလ ၁၉ရက်) နံနက်အစောပိုင်းက လှုပ်ခတ်သွားခဲ့သည်။

မေ ၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင်လယ်ပြင်အတွင်း ရစ်ခ်တာစကေး ၅ဒဿမ ၁ အဆင့်ရှိငလျင် ယနေ့ (မေလ ၁၉ရက်) နံနက်အစောပိုင်းက လှုပ်ခတ်သွားခဲ့သည်။

နံနက် ၁နာရီ ၄၅ မိနစ်အချိန်ခန့်တွင် စစ်တွေမြို့၏အရှေ့ – အရှေ့တောင်ဘက်ကို ဗဟိုပြု၍ လှုပ်သွားခြင်းဟု အမေရိကန်ဘူမိတိုင်းတာရေးဌာန (USGS)က ထုတ်ပြန်သည်။

အဆိုပါ ငလျင်သည် စစ်တွေမြို့၏အရှေ့ – အရှေ့တောင်ဘက် ၁၂၉ ကီလိုမီတာအကွာ၊ ရမ်းဗြဲကျွန်းအနီးပင်လယ်ရေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅ဒဿမ၃ အဆင့်ဖြင့်လှုပ်ခတ်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြေငလျင်တိုင်းတာစက်များနှင့်ဗဟိုချက်၏အနီးအဝေးပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်းရှင်းပြထားပြီး ပင်လယ်ပြင်လွင်ဗဟိုပြု၍လှုပ်သောငလျင်ဖြစ်သောကြောင့် ဆူနာမီနှင့်ပတ်သက်၍လည်း ရှင်းပြထားသည်။

ရစ်ခ်တာစကေး ၆ဒဿမ၅ အောက်ရှိသည့် ငလျင်များသည် ဆူနာမီဖြစ်ပွားနိုင်ခြေအလွန်နည်းပါးသည်ဟု MOHADMက ရှင်းပြထားသည်။ ပင်လယ်ပြင်၌ ရစ်ခ်တာစကေး ၇အထက်နှင့် မြေအနက်တိမ်သည့်နေရာ၌ ဗဟိုပြုသော ငလျင်လှုပ်ပါက ဆူနာမီအန္တရာယ်ရှိသည်။

စစ်တွေမြို့သည် ဘင်္ဂလားပင်လယ်အော်နှင့်ထိစပ်ပပြီး ယနေ့ နံနက်ပိုင်း၌ ပင်လယ်ပြင်အတွင်းဗဟိုပြုသောငလျင်ကို ကျောက်ဖြူ၊ မာန်အောင်မြို့တို့တွင်လည်း ခံစားလိုက်ရပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

မတ်လ ၂၈ရက်က စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ဒဿမ၇ အဆင့်ငလျင်လှုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ရှားနေသည်။ယင်းငလျင်၏နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန်MOHADM)က သတိ ပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။