Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ စကခ(၂၁)ဌာနချုပ် စစ်ကူလာပို့သည့် ရဟတ်ယာဉ်သုံးစီးအနက် နှစ်စီးကို ပစ်ချနိုင်ခဲ့ဟု KIA အတည်ပြု

” ရွှေကူကနေ ၅၆ မိုင်လောက်ပေါ့။ အဲဒီလောက်ဝေးတဲ့နေရာ တောထဲမှာ တစ်စီးက ကျသွားတယ်။ နောက်တစ်စီးက ဆက်ပြီးပြန်သန်းလို့မရတဲ့အတွက် အရေးပေါ် ရွှေကူဘက်မှာ ဆင်းသက်တယ်လို့ ကြားရတယ်” − ဗိုလ်မှူးကြီးနော်ဘူ

” ရွှေကူကနေ ၅၆ မိုင်လောက်ပေါ့။ အဲဒီလောက်ဝေးတဲ့နေရာ တောထဲမှာ တစ်စီးက ကျသွားတယ်။ နောက်တစ်စီးက ဆက်ပြီးပြန်သန်းလို့မရတဲ့အတွက် အရေးပေါ် ရွှေကူဘက်မှာ ဆင်းသက်တယ်လို့ ကြားရတယ်” − ဗိုလ်မှူးကြီးနော်ဘူ

မေ ၂၀၊၂၀၂၅။ထားမြတ်၊က​ဖေး/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)သို့ စစ်ကူလာပို့သည့် စစ်ကောင်စီ ရဟတ်ယာဉ် ၃ စီးအနက် ၂ စီးကို ထိမှန်အောင် ပစ်ချနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လူထုနွေဦးသို့ အတည်ပြုသည်။

ယနေ့(မေလ ၂၀ရက်)မွန်းလွဲ၁နာရီကျော်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

” ဗန်းမော်မြို့ စကခ(၂၁) ဌာနချုပ်နားမှာ သူတို့က ညနေပိုင်း ၁နာရီ အချိန်မှာလူအင်အားဖြည့်ဖို့ ဆင်းသက်တဲ့ ရဟတ်ယာဉ်တွေဖြစ်ပါတယ်။ ဆင်းတာက ၃စီးဆင်းသက်တာ။ သုံးစီးဆင်းတဲ့အထဲက ၂စီးက ထိသွားတယ်လို့ ကြားရပါတယ်။ ရှေ့တန်းသမားတွေ ပေးလာတဲ့သတင်းအရပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိမှန်သွားသည့် ရဟတ်ယာဉ် ၂စီးအနက် တစ်စီးသည် တောထဲသို့ ပျက်ကျသွားသည်ဟုသိရသည်။

“အဲဒီ ထိတဲ့နှစ်စီးက အဲဒီနေရာမှာ လုံး၀ အဲဒီမှာပျက်သွားတာတော့ မဟုတ်ဘူး။ ပြန်ကွေ့သွားပြီးမှ ရွှေကူကနေ ၅၆ မိုင်လောက်ပေါ့။ အဲဒီလောက်ဝေးတဲ့နေရာ တောထဲမှာ တစ်စီးက ကျသွားတယ်။ နောက်တစ်စီးက ဆက်ပြီးပြန်သန်းလို့မရတဲ့အတွက် အရေးပေါ် ရွှေကူဘက်မှာ ဆင်းသက်တယ်လို့ ကြားရတယ်။ သုံးစီးထဲက တစ်စီးကတော့ နမ့်ပေါင်ပေါ့မြစ်ကြီးနားလေဆိပ်ကိုအဲဒီဘက်ကိုဆင်းသက်သွားတယ်လို့ကြားရပါတယ်” ဟု ဗိုလ်
မှူးကြီးနော်ဘူက ပြောကြားသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း KIA ပစ်ခတ်နိုင်ခဲ့သည့် ရဟတ်ယာဉ် ၂စီးလုံးသည် MI-17 ရဟတ်ယာဉ် အမျိုးအစားဖြစ်သည်ဟု ပြောသည်။

“ခုနက တနာရီကျော်ကျော်လောက်မှာ ဗန်းမော်လာဆင်းတဲ့ နှစ်စီးလုံးကို ပစ်ချပစ်လိုက်ပြီ။ စစ်ကိုင်းဘက်က တက်လာတဲ့ 17 တစ်စီးနဲ့ မြစ်ကြီးနားကတက်လာတဲ့ ၁စီး ၊၂စီးစလုံးပစ်ချပစ်လိုက်ပြီ။ နှစ်စီးစလုံးကျပြီတဲ့။တစ်စီးကရွှေကူမရောက်ခင် ပျက်ကျတယ်။တစ်စီးကဧရာ၀တီမြစ်အနောက်ဘက်ကမ်းမှာ ကျတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KIA အနေဖြင့် ၂၀၂၄ ဇန်နဝါရီကလည်း ဝိုင်းမော်မြို့နယ်တွင် ရဟတ်ယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး နမ့်ဖက်ကာတိုက်ပွဲတွင်လည်း တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​ ၄နှစ်ကျော်အတွင်း တော်လှန်​ရေးတပ်ဖွဲ့​များက စစ်တပ်၏ လေယာဥ်နှင့် ရဟတ်ယာဥ်​များပစ်ချမှုအနည်းဆုံး ၁၀ စီးရှိပြီဖြစ်သည်။

KIA က စစ်တပ်​လေ​ကြောင်းကိုတန်ပြန် တိုက်ခိုက်တာတွင် ရဟတ်ယာဥ် လေးစီးနှင့် တိုက်ခိုက်​ရေးဂျက်​လေယာဥ် တစ်စီးတို့ကို ပစ်ချပြီး အများဆုံးဖြစ်​နေသည်။

KA၊KNDF၊ ကလလတ စသည့် ကရင်နီတပ်​ပေါင်းစုကလည်း အ​ပေါ့စားတိုက်​လေယာဥ် ၂ စီးနှင့် ရဟတ်ယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။ အာဏာသိမ်းစစ်တပ်၏ ​လေယာဥ်နှင့် ရဟတ်ယာဥ်​​များကို ​တော်လှန်​ရေးတပ်ဖွဲ့​များက ပစ်ချနိုင်ခဲ့သည်။ ထို့အပြင် အာရက္ခတပ်တော်(AA)ကလည်း စစ်ကောင်စီ ရဟတ်ယာဉ်ကို ပစ်ချပြီး AA တပ်ဖွဲ့ဝင်​များ အောင်ပွဲခံနေသည့်သတင်း ဓာတ်ပုံကို ၁၀၂၇ စစ်ဆင်​ရေးအတွင်း ထုတ်ပြန်ခဲ့ဖူး​သည်။

မှတ်ချက် − ယခုဖော်ပြသော People’s Spring အင်ဖိုဂရပ်တွင် ယနေ့(မေလ ၂၀ရက်)က KIAပစ်ချသော ရဟတ်ယာဉ်နှစ်စီးကို မထည့်သွင်းရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်