Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးအဖွဲ့​တွေပစ်ချခဲ့တဲ့ စစ်​ကောင်စီရဟတ်ယာဥ် နဲ့ ​လေယာဥ်​တွေ

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးအဖွဲ့​တွေက စစ်​ကောင်စီကို ခုခံတွန်းလှန်ရင်းပစ်ချနိုင်ခဲ့တဲ့ စစ်တပ်ရဲ့ လေယာဥ် နဲ့ ရဟတ်ယာဥ်အစီး​ရေ အနည်းဆုံး ၉ စီးရှိပြီဖြစ်ပါတယ်။

​မေ-၂၀၊၂၀၂၅။People’s Spring

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးအဖွဲ့​တွေက စစ်​ကောင်စီကို ခုခံတွန်းလှန်ရင်းပစ်ချနိုင်ခဲ့တဲ့ စစ်တပ်ရဲ့ လေယာဥ် နဲ့ ရဟတ်ယာဥ်အစီး​ရေ အနည်းဆုံး ၉ စီးရှိပြီဖြစ်ပါတယ်။

KIA နဲ့ပူး​ပေါင်းတပ်​တွေက​မေလ ၂၀ ရက်​နေ့မှာ ဗန်း​မော်မြို့ အမှတ် (၂၁) စစ်ဆင်ကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) ကို စစ်ကူနဲ့ ခဲယမ်း၊ရိက္ခာလာပို့တဲ့ ရဟတ်ယာဥ် ၃ စီးကို ပစ်ခတ်တိုက်ခိုက်တာမှာ ၂ စီးထိမှန်ပြီး ၁ စီးက​ရွှေကူမြို့အနီး သစ်​တောထဲမီး​လောင်ကျွမ်းပျက်ကျခဲ့ပါတယ်။သယ်ယူပို့​ဆောင်​ရေးရဟတ်ယာဥ် ဖြစ်တဲ့ Mi-17 ​ပေါ်ပါ စစ်သား​တွေအကုန်​သေဆုံးခဲ့ပြီး ​သေဆုံးသူ​တွေထဲမှ ဗျူဟာမှူး တစ်ဦးပါတယ်လို့ စစ်​ရေးရင်းမြစ်​တွေက​ပြောပါတယ်။ကျန် ၁ စီးမှာလည်းထိခိုက်ပျက်စီးမှုများရှိပြီး ​ရွှေကူမြို့သို့အ​ရေ​ပေါ်ဆင်း
သက်ခဲ့ရပါတယ်။

KIA ဟာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်ရဟတ်ယာဥ်နဲ့ ​လေယာဥ်​တွေကို ပစ်ချဖျက်ဆီးနိုင်ခဲ့တာ အနည်းဆုံး ၄ စီးရှိပြီဖြစ်ပါတယ်။ ​ဒါဟာ​တော်လှန်​ရေးအဖွဲ့​တွေထဲမှာစစ်​ကောင်စီရဲ့ ရဟတ်ယာဥ်နဲ့​လေယာဥ်ကို အများဆုံးပစ်ချနိုင်တာဖြစ်ပါတယ်။မေ ၂၀ ရက်​နေ့ကပစ်ချနိုင်ခဲ့တာကို ၂ စီးလို့တွက်ရင် ၅ စီးရှိပြီဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ မိုး​မောက်မြို့နယ်မှာ Mi-35 ရဟတ်ယာဥ်တစ်စီး ၊၂၀၂၄ ဇန်နဝါရီ ၃ ရက်မှာ ဝိုင်း​မော်မြို့နယ်မှာလည်း Mi-35 ရဟတ်ယာဥ်တစ်စီး၊၂၀၂၄ ဇန်နဝါရီ ၁၆ ရက်မှာကွတ်ခိုင်မြို့နယ်မှာ FTC 2000 G တိုက်​လေယာဥ် နဲ့ အခု အကြိမ်မှာ Mi-17 ရဟတ်ယာဥ် ၂ စီးကိုပစ်ချခဲ့တာပါ။

Mi-17ရဟတ်ယာဥ် ၂ စီးကို ပစ်ခတ်တိုက်ခိုက်တာ ၊​သစ်​တောထဲ ပျက်ကျပြီးမီး​လောင်ပြီး စစ်သား​တွေ​သေဆုံး​နေတဲ့ ရုပ်သံမှတ်တမ်း​တွေပါထွက်​ပေါ်​​နေပြီဖြစ်​ပေမယ့် စစ်​ကောင်စီက​တော့ ရုတ်တရက်မ​တော်တဆဖြစ်ပြီးပျက်ကျတာလို့ သတင်းလိမ်လည်ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ဖမ်းမိ စစ်မှုထမ်းတပ်သားသစ်တွေမှာ အသက်မပြည့်သေးသူတွေလည်း ပါဝင်