Connect with us

Hi, what are you looking for?

သတင်း

KIOဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင် ရှမ်းမြောက်ရှိ တပ်မဟာသုံးခုသို့ သွားရောက်

၀ဒေသခေါင်းဆောင်များနှင့်တွေ့ဆုံသော်လည်း FPNCCအစည်းအဝေး တက်ရောက်ခြင်းမဟုတ်ဟု KIA ပြော

မေ ၂၂၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်၏ ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်အတွင်း ယင်းဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၄)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၁၀)သို့ သွားရောက်ခြင်းဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗိုလ်ချုပ်ကြီးဂမ်ရှောင် ၀ဒေသ၌ မေလကကျင်းပသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC)အစည်းအဝေး တက်ရောက်သည်ဆိုသည့် သတင်းမှာလည်း မဟုတ်ဘဲ ၀ဒေသသို့ သွားရောက်ကာ ခေါင်းဆောင်အချင်းချင်း တွေ့ဆုံခဲ့ခြင်းသာဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

” ကျနော်တို့ရဲ့ ဒုဥက္ကဋ္ဌ ဂမ်ရှောင်ကတော့ ၀ဘက်ကို သွားပြီးမှ FPNCC အစည်းအဝေးတက်တယ်ဆိုပြီးမှ လိုင်းပေါ်မှာ တော်တော်လေးတွေ့ရတာပေါ့။ကျနော်တို့ ဒုဥက္ကဋ္ဌ ဦးဂမ်ရှောင်ကတော့ ၀ဘက်မှာ အစည်းအဝေး သွားတက်တာ မဟုတ်ဘူး။ ကျနော်တို့ တောင်ပိုင်းတိုင်းဘက်မှာ ရှိနေတဲ့ တပ်မဟာ (၄)၊ (၆)၊ (၁၀) တွေကို သွားပြီးမှ သွားကြည့်တာပါ။ လိုအပ်တာတွေကို မှာကြားတာ ခွန်အားပေးဖို့ သွား ကြည့်ရှုရင်းနဲ့ ၀ဘက်ကိုလည်း ရောက်တဲ့သဘောဖြစ်ပါတယ်။၀ဘက်ရောက်တာလည်း တကယ့်အစည်းအဝေး လုပ်လို့ရောက်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ တော်လှန်ရေးအချင်းချင်းဆိုတော့ ညီအကိုတွေဆိုတော့ မတွေ့တာလည်း ကြာတယ်ဆိုတော့ လူကြီးအချင်းချင်း သွားတွေ့ကြတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

၀ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကို မသိရကြောင်း ၊ တရားဝင်အစည်းအဝေး လုပ်ရန် သွားရောက်ခြင်းမဟုတ်၍ သတင်းပြန်ကြားရေးဌာနသို့ ညွှန်ကြားချက်မရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရှမ်းမြောက်တွင် KIAတပ်များနှင့် တအာင်းတပ်မတော်(TNLA) တပ်များအကြား နယ်မြေဆိုင်ရာ ပြဿနာများဖြစ်ပွားနေသည့် အခြေအနေတွင် KIA၏ ယခင်စစ်ဦးစီးချုပ်လည်းဖြစ်ခဲ့သူ အဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ရှမ်းမြောက်ရှိ KIA တပ်မဟာ များသို့ သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။

KIAနှင့်TNLA တို့သည်လည်း နှစ်ဖက်အကြားနယ်မြေဆိုင်ရာ အငြင်းပွားမှုအပါအဝင် မဟာမိတ်အချင်းချင်း အကြား ပြဿနာများနှင့်ပတ်သက်ပြီး ဗဟိုအဆင့် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေကြောင်း နှစ်ဖက်က အသိပေးထားသော်လည်း တွေ့ဆုံဆွေးနွေးပွဲ ဖြစ်၊မဖြစ် တရားဝင် ထုတ်ပြန်ပြောဆိုမှုမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းလမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်က ရဲဘော် ၁ဦး ပစ်ခတ်ခဲ့လို့ ယာဉ်မောင်း ၁ဦး ဒဏ်ရာရတဲ့အပေါ် ဒေသခံတွေက ဆန္ဒပြခဲ့သလို ဂိတ်ရှိ တဲအချို့ကိုဖျက်ဆီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။