Connect with us

Hi, what are you looking for?

သတင်း

ဆောင်းပြောင်းရွာတိုက်ပွဲ လက်နက်အချို့နှင့် စစ်သုံးပန်းအချို့ဖမ်းမိရဟု KNDF ပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်အား တိုက်ခိုက်ရာ လက်နက်အချို့နှင့် စစ်သုံးပန်းအချို့ ဖမ်းဆီးရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူ ကိုသာအယ်စိုးက လူထုနွေဦးသို့ပြောသည်။

ရှမ်းတောင်အခြေပြု SSNDF/KNDF ဗျူဟာအမှတ်(၉)မှ ရဲဘော်များကို တွေ့ရစဥ်။ဓာတ်ပုံ − KNDF

မေ ၂၂၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်အား တိုက်ခိုက်ရာ လက်နက်အချို့နှင့် စစ်သုံးပန်းအချို့ ဖမ်းဆီးရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူ ကိုသာအယ်စိုးက လူထုနွေဦးသို့ပြောသည်။

မေလလ ၁၇ရက်ကစ၍ ဆောင်းပြောင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်ပူးပေါင်းတပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

” ဆောင်းပြောင်းဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီနဲ့PNO ပူးတပ်ကို ချေမှုန်းခဲ့တာရှိတယ်။လက်နက်အချို့သိမ်းဆည်းရမိတယ်။စကစဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်”ဟု ကိုသာအယ်စိုးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အချို့ကိုလည်း အရှင်ဖမ်းမိကြောင်း ၎င်းက အသိပေးသည်။

ဆောင်းပြောင်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီက နေ့စဥ်လေကြောင်းပစ်ကူနှင့် ဖယ်ခုံမြို့ရှိ ခမရ (၃၃၆)တပ်ရင်းမှ ရှော့တိုက်ဒုံးများ ၊ဒရုန်းများ ၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

ဆောင်းပြောင်းကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ထံ ပေးလိုက်ရသည်ကို PNO ပြည်သူ့စစ် ဗိုလ်မှူး ခွန်ဆန်းအောင်က ဝန်ခံထားသည်။ထို့ကြောင့် ပြန်လည်ထိုးစစ်ဆင်နေသည်ဟုလည်း ၎င်း၏ လူမှုကွန်ရက်မှတဆင့် ယမန်နေ့(မေလ ၂၁ရက်)တွင် ရေးသားထားသည်။

ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ မတ်လ ၁၈ ရက်‌တွင် သိမ်းပိုက်ခဲ့ဖူးသည်။ဆောင်းပြောင်းကျေးရွာသည် ပင်လောင်းမြို့တောင်ဘက်၊ ဖယ်ခုံမြို့အကြားမှာရှိပြီး ဖယ်ခုံမြို့နှင့် ၅မိုင်ခန့်သာ ကွာဝေးသည်။

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ဆောင်းပြောင်းရွာကို ယမန်နှစ် ဇွန်လကုန်က ပြန်လည်တပ်စွဲခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့သည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကြောင်းသုံးကြောင်းအင်အား ၆၀၀ဖြင့် ထိုးစစ်ဆင်နေသည်။အဆိုပါထိုးစစ်အရ မိုးဗြဲမြို့စစ်ကြောင်း၊မိုးဗြဲ-ကုန်းသာစစ်ကြောင်းနှင့် ဖယ်ခုံ- ညောင်ရွေမြို့နယ်တို့ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ်(၁)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ထိုးစစ်ကို မေလပထမပတ်နှင့် ဒုတိယပတ်အထိ ခုခံရာတွင် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး အရှင်သုံးဦးဖမ်းမိကာ လက်နက်ခဲယမ်းများနှင့် တိုက်ခိုက်ရေးဒရုန်းနှစ်ခုပါသိမ်းဆည်းရရှိ ထားကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban - UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။