Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် ရှေးဟောင်းအဆောက်အဦး ၆,၇၀၀ ကျော် ပျက်စီး

ဖျက်အားပြင်းငလျင်ကြီးကြောင့် ဘုရား ၊ စေတီ ၊ သာသနိက အဆောက် အအုံတွေအပါအဝင် ရှေးဟောင်းအဆောက်အဦး စုစုပေါင်း ၆,၇၀၀ ကျော် ထိခိုက်ပျက်စီးသွားတယ်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် အင်းဝမြို့က ရှေးဟောင်း အဆောက်အဦး ပျက်စီးသွားတာကိုတွေ့ရပုံ

မေ – ၂၂ ၊၂၀၂၅ ၊ ဆိုင်းမင်း/ People’s Spring

ဖျက်အားပြင်းငလျင်ကြီးကြောင့် ဘုရား ၊ စေတီ ၊ သာသနိက အဆောက် အအုံတွေအပါအဝင် ရှေးဟောင်းအဆောက်အဦး စုစုပေါင်း ၆,၇၀၀ ကျော် ထိခိုက်ပျက်စီးသွားတယ်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပျက်စီးထိခိုက်မှုတွေ မန္တလေးတိုင်း ၊စစ်ကိုင်းတိုင်း​၊ နေပြည်တော် ၊ ပဲခူးတိုင်း နဲ့ ရှမ်းပြည်နယ်တို့က ဖြစ်တယ်လို့ ဆိုပါတယ်။

ဘုရား ၊ စေတီ ၊ ဘုန်းကြီးကျောင်း ၊သိမ် ၊ ဇရပ် ၊ သာသနိက အဆောက် အဦးတွေ ၊ မြို့ရိုး ၊ ပြအိုးပြာသာဒ် နဲ့ ရှေးဟောင်းအဆောက်အဦး ၆၇၇၉ လုံး ထိခိုက်ပျက်စီးတာလို့ စစ်ကောင်စီရဲ့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ပျက်စီးသွားတဲ့ ရှေးဟောင်းအဆောက်အဦးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် စစ်ကောင်စီရဲ့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး က မေလ ၁၉ ရက် နေပြည်တော်မှာ အင်ဂျင်နီယာအသင်း၊ ဗိသုကာအသင်း ၊ ငလျင်အသင်းက သူတွေကို ခေါ်ယူပြီး အစည်းအဝေး လုပ်ခဲ့ပါတယ်။

ပြန်လည်ပြုပြင်တည်ဆောက်ရာမှာ ရှေးဟောင်းအဆောက်အဦး ပေါ်မူတည်ပြီး တစ်နှစ်​၊ နှစ်နှစ် နဲ့ ငါးနှစ် အချိန်ကာလ သတ်မှတ်ထားတယ်ဆိုတာကို စစ်ကောင်စီဝန်ကြီးက ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။

ယဉ်ကျေးမှုအမွေအနှစ် တန်းဖိုးမရှိသလောက်နည်းပါးတဲ့ အဆောက်အဦးတွေ​၊ ထိခိုက်မှု နည်းပါးတဲ့ အဆောက်အဦးတွေကိုတစ်နှစ်အတွင်း ပြင်ဆင်ရမှာဖြစ်ပြီး တပိုင်းတစ ပျက်စီးတဲ့ အဆောက်အဦး တွေကို နှစ် နှစ်အတွင်း ပြုပြင်ရမယ်လို့ စစ်ကောင်စီဝန်ကြီးက ပြောခဲ့တယ်လို့သိရပါတယ်။

ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးကြီးမားတဲ့ ရှေးဟောင်း အဆောက်အဦးတွေကို ပညာရှင်တွေရဲ့အကြုံပြုချက်တွေကို ယူပြီး ငါးနှစ်အတွင်း ပြင်ဆင်ဖို့ စစ်ကောင်စီ က စီစဉ်ထားတယ်လို့သိရပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားခဲ့တဲ့ မန္တလေး ၊စစ်ကိုင်းတို့မှာ ပြန်လည်ထူထောင်ရေးကို စစ်ကောင်စီက မလုပ်ဆောင်နိုင်သေးဘူးလို့ မြို့ခံတွေကပြောပြပါတယ်။

ငလျင်အပြီးရက်တွေမှာလည်း စစ်ကောင်စီ လက်အောက်ခံ ရဲ နဲ့ စစ်သားတွေဟာ ရှာဖွေကယ်ဆယ်ရေးထက် ဘုရား ၊စေတီတွေ အပျက်အစီးရှင်းလင်းတာကို ဦးစားပေးလုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။