Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လမ်းတိုက်ပွဲ တံတားညီနောင်အနီး ပိတ်ဆို့တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ် အထိနာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား တံတားညီနောင်ကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာလျက်ရှိဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်တစ်ဦးအား ရှေ့တန်းကင်းစခန်း၌ တွေ့ရစဉ်။ ဓာတ်ပုံ − AP

မေ ၂၂၊၂၀၂၅။ထားမြတ်၊ကဖေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား တံတားညီနောင်ကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာလျက်ရှိဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်သည် ဖားကန့်မြိုနယ်အတွင်း ပြန်လည်ထိန်းချုပ် စစ်ကူထောက်ပို့နိုင်ရေးအတွက် ထိုးစစ်ဆင်လာရာ ယနေ့ (မေလ ၂၂ရက်)တွင် နမ့်တိန့်ကျေးရွာအနီး ရောက်ရှိနေပြီး တော်လှန်ရေးပူးပေါင်းအဖွဲနှင့် တိုက်ပွဲ ပြင်းထန်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲ ပြင်းထန်နေသည့် ရုံးတောင်တက်နေရာတွင် တော်လှန်ရေးပူးပေါင်းအဖွဲမှာ ရှေ့၊နောက်၊ ပိတ်ဆို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ပြီး လုံးခင်း၊ ကံဆီးကျေးရွာဘက်မှ စစ်ကောင်စီတပ်စစ်ကူများ ဖားကန့်လမ်းဘက် တက်လာကြောင်း၊ ယမန့်နေည၌ ဖားကန့်ဗျူးဟာကုန်းမှ လက်နက်ကြီး ပစ်ကူများဖြင့် တောက်လျှောက် ဖိအားပေးနေသော်လည်း တော်လှန်ရေး ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်နေသည့်နေရာသို့ မေလ ၁၉ရက်ညက ဖားကန့်ဗျူဟာကုန်းမှနေ၍ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ခဲ့သလို မေလ ၂၁ရက်ကညကလည်း လက်နက်ကြီးသုံးကြိမ်ပစ်ခတ်ခဲ့သည်။

” တိုက်ပွဲက ပျားအုံ၊ နမ့်တိန်းတကြောမှာ ဖြစ်နေတာ။ အဲ့ဒီ ကနေရှေ့တိုးမလာနိုင်ဘူး။ ဖားကန့်မှာတော့ လက်ရှိအချိန်အထိပုံမှန်ပါပဲ။ စျေးဆိုင်တွေဆက်ဖွင့်ထားဆဲပါ။ ဒါပေမဲ့ သတိအနေအထားနဲ့နေနေကြရတာပေါ့”ဟု ဖားကန့်ဒေသခံသတင်းရင်းမြစ်က ပြောသည်။

နမ့်တိန်းရွာသည် ယခင်က စစ်ကောင်စီထိန်းချုပ်ထားခဲ့သည့်ကျေးရွာဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ခန့်က တိုက်ပွဲများအတွင်း KIA က တိုက်ခိုက်သိမ်းယူခဲ့သည့်ရွာဖြစ်သည်။

” စကစတွေ အထိနာနေပေမယ့် ရှေ့ဆက်တိုးဖို့ကြိုးပမ်းနေတာဟုတ်တယ်။ အသေခံပြီး တက်လာနေကြတာ။ အဓိက မူးယစ်ဆေးဝါးသုံးစွဲထားပုံရတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ရေးတင်းမာနေပြီး လုံးခင်း၊ လယ်ပြင်နှင့် ကံဆီးဘက်မှ စစ်ကောင်စီ စစ်ကြောင်းများအား ဟန်တားပိတ်ဆို ၊ ရှာဖွေ နှိမ်နင်းနေဆဲဖြစ်၍ ယခုရက်ပိုင်း ဖားကန့်လမ်းပိုင်း၌ တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

နမ့်တိန့်နှင့် တံတားညီနောင်ကျေးရွာကြား စစ်ကောင်စီတပ်အား နှစ်ဖက်ညှပ်ပိတ်ဆို့ တိုက်ခိုက်မှု အတွင်း အထိနာနေပြီး ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေဖြင့်ပိတ်မိလျက်ရှိဟု ဆိုသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖားကန့်လမ်း တိုက်ပွဲအခြေအနေကို မေလ ၂၁ရက်က ရှင်းပြထားရာ စစ်ကောင်စီတပ်စစ်ကြောင်းက ဖြေးဖြေးချင်း ဖားကန့်မြို့ဘက် နီးကပ်သည့် နေရာသို့ ရောက်နေကြောင်း၊ တံတားညီနောင်အနီး ရောက်ရှိနေပြီး ခုခံတိုက်ပွဲများလည်း နေ့တိုင်းနီးပါး ဖြစ်ပွားလျက်ရှိကြောင်း ပြောပြထားသည်။ ဖားကန့်လမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်ကလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။