Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA ပစ်ချခဲ့တဲ့ စစ်တပ်ရဟတ်ယာဥ်နဲ့ ​လေယာဥ် ငါးစီးရှိ

KIA နဲ့ ပူး​ပေါင်းတပ်​တွေက ​ရွှေကူမြို့မှာအ​ရေး​ပေါ်ဆင်းသက်ခဲ့တဲ့ စစ်​ကောင်စီတပ်နဲ့ ရဟတ်ယာဥ်ကို ​မေလ ၂၁ ရက်​နေ့မှာထပ်မံသွား​ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာ​ကြောင့် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA က ပစ်ချဖျက်ဆီးခဲ့တဲ့ စစ်တပ်ရဟတ်ယာဥ်နဲ့ ​တိုက်လေယာဥ် ၅ စီးရှိပြီဖြစ်ပါတယ်။

​မေ-၂၃၊၂၀၂၅။People’s Spring

KIA နဲ့ ပူး​ပေါင်းတပ်​တွေက ​ရွှေကူမြို့မှာအ​ရေး​ပေါ်ဆင်းသက်ခဲ့တဲ့ စစ်​ကောင်စီတပ်နဲ့ ရဟတ်ယာဥ်ကို ​မေလ ၂၁ ရက်​နေ့မှာထပ်မံသွား​ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာ​ကြောင့် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA က ပစ်ချဖျက်ဆီးခဲ့တဲ့ စစ်တပ်ရဟတ်ယာဥ်နဲ့ ​တိုက်လေယာဥ် ၅ စီးရှိပြီဖြစ်ပါတယ်။

ဒါ​ကြောင့် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးအဖွဲ့​တွေက စစ်​ကောင်စီကို ခုခံတွန်းလှန်ရင်းပစ်ချနိုင်ခဲ့တဲ့ စစ်တပ်ရဲ့ လေယာဥ် နဲ့ ရဟတ်ယာဥ်အစီး​ရေ အနည်းဆုံး ၁၀ စီးရှိပြီဖြစ်ပါတယ်။

KIA နဲ့ ပူး​ပေါင်းတပ်​တွေက​မေလ ၂၀ ရက်​နေ့မှာ ဗန်း​မော်မြို့ အမှတ် (၂၁) စစ်ဆင်ကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) ကို စစ်ကူနဲ့ ခဲယမ်း၊ရိက္ခာလာပို့တဲ့ ရဟတ်ယာဥ် ၃ စီးကို ပစ်ခတ်တိုက်ခိုက်တာမှာ ၂ စီးထိမှန်ပြီး ၁ စီးက​ရွှေကူမြို့အနီး သစ်​တောထဲမီး​လောင်ကျွမ်းပျက်ကျခဲ့ပါတယ်။သယ်ယူပို့​ဆောင်​ရေးရဟတ်ယာဥ် ဖြစ်တဲ့Mi-17 ​ပေါ်ပါ စစ်သား​ ၁၆ ဦးစလုံးသေဆုံးခဲ့ပြီး ​သေဆုံးသူ​တွေထဲမှ ဗျူဟာမှူး တစ်ဦး အပါအဝင်အရာရှိအချို့ပါဝင် တယ်လို့ စစ်​ရေးရင်းမြစ်​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျန် ၁ စီးမှာလည်းထိခိုက်ပျက်စီးမှုများရှိပြီး ​ရွှေကူမြို့သို့အ​ရေ​ပေါ်ဆင်းသက်ထားစဥ် ​မေ ၂၁ ရက်​နေ့ ည​နေပိုင်းမှာ KIA နဲ့ပူး​ပေါင်းတပ်​တွေကထပ်မံတိုက်ခိုက်ဖျက်ဆီးခဲ့တာလို့ KIA ​ပြောခွင့်ရ ဗိုလ်မှူးကြီး​နော်ဘူက လူထု​နွေဦးကိုအတည်ပြုပါတယ်။

KIA ဟာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်ရဟတ်ယာဥ်နဲ့ ​လေယာဥ်​တွေကို ပစ်ချဖျက်ဆီးနိုင်ခဲ့တာ အနည်းဆုံး ၅ စီးရှိပြီဖြစ်ပါတယ်။ ​ဒါဟာ​တော်လှန်​ရေးအဖွဲ့​တွေထဲမှာစစ်​ကောင်စီရဲ့ ရဟတ်ယာဥ်နဲ့​လေယာဥ်ကို အများဆုံးပစ်ချနိုင်တာဖြစ်ပါတယ်။

၂၀၂၁ မိုး​မောက်မြို့နယ်မှာ Mi-35 ရဟတ်ယာဥ်တစ်စီး ၊၂၀၂၄ ဇန်နဝါရီ ၃ ရက်မှာ ဝိုင်း​မော်မြို့နယ်မှာလည်း Mi-35 ရဟတ်ယာဥ်တစ်စီး၊၂၀၂၄ ဇန်နဝါရီ ၁၆ ရက်မှာကွတ်ခိုင်မြို့နယ်မှာ FTC 2000 G တိုက်​လေယာဥ် နဲ့ အခု အကြိမ်မှာ Mi-17 ရဟတ်ယာဥ် ၂ စီးကိုပစ်ချခဲ့တာပါ။Mi-17ရဟတ်ယာဥ် ၂ စီးကို ပစ်ခတ်တိုက်ခိုက်တာ ၊​သစ်​တောထဲ ပျက်ကျပြီးမီး​လောင်ပြီး စစ်သား​တွေ​သေဆုံး​နေတဲ့ ရုပ်သံမှတ်တမ်း​တွေပါထွက်​ပေါ်​​နေပြီဖြစ်​ပေမယ့် စစ်​ကောင်စီက​တော့ ရုတ်တရက်မ​တော်တဆဖြစ်ပြီးပျက်ကျတာလို့ သတင်းလိမ်လည်ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

Facebook