Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်ပူးပေါင်းခုခံနေဟု CDF စီးယင်းစစ်ဦးစီးချုပ် ပြော

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းတောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့ဝင်တပ်များ စုပေါင်းခုခံနေသည်ဟု ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF စီးယင်းစစ်ဦးစီးချုပ် ဦးထောင်းပူက ပြောကြားသည်။

(ချင်းတောင်ပေါ်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ဒေသခံများ တိမ်းရှောင်ရန် ပြင်ဆင်နေကြစဉ်။ ဓာတ်ပုံ − CDF Civic Defense Militia -CDM -Siyin

မေ ၂၄၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းတောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့ဝင်တပ်များ စုပေါင်းခုခံနေသည်ဟု ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF စီးယင်းစစ်ဦးစီးချုပ် ဦးထောင်းပူက ပြောကြားသည်။

မေလ ၁၈ရက်ကစ၍ ချင်းတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်း ကြောင့် ဒေသခံ ပြည်သူ ၁၀၀၀ကျော် စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များဖြစ်သော CDF CDM SIYIN ၊ PDF Zoland ၊CDF KKG တို့က မေလ ၂၁ရက် မှ ၂၁ ရက်ရက်အထိ တိုက်ပွဲဖြစ်နေသည်ဟု အသိပေးသည်။

“စခ ဘက်က အင်အား ၈၀၀ကျော်တယ်။ တပ်မမှူး လည်းပါလာတယ်။ အခု ကျွန်တော်တို့ ခံစစ်ခုခံနေပါတယ်။ Maulpiနှင့် ထေးဇိန် ကြားမှာ တိုက်ပွဲရှိနေတာပါ။ စခတွေက ဘုန်းကြီးကျောင်းမှာ အခြေချနေတယ်။ CC နဲ့ CB အားလုံးပေါင်းပြီးခုခံနေပါတယ်”ဟု CDF Siyin စစ်ဦးစီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် တီးတိန်မြို့နှင့် ချင်းညီနောင်သိမ်းထားသည့် ဖလမ်းမြို့ကို ဦးတည်သည်ဟု ခန့်မှန်းရကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ဒေသခံ ပြည်သူများအနေဖြင့်လည်း တက်နိုင်သည့်ဘက်က ကူညီပါဝင်စေချင်သည်ဟုလည်း တိုက်တွန်းသည်။

” အဘက်ဘက်က ကိုယ်တတ်နိုင်တဲ့ဘက်က နေ ကူညီစေချင်တယ်။ ကျနော်တို့ အခုဆိုရင် စားဖို့ချက်ပေးတဲ့သူရှိရင်တောင် လာပို့ပေးမယ်သူမရှိလို့။ ရဲဘော် တွေက ပြန်သွားယူတာထက် ပြည်သူတွေ ကူညီရင် ပိုအဆင်ပြေတာပေါ့။ Power Bank လိုအပ်ရင် ငှားပေးတာ တို့။ စရာရာ ဝိုင်းဝန်းကူညီ ရင် ပိုအဆင်ပြေတာပေါ့”ဟု CDF စီးယင်း စစ်ဦးစီးချုပ်က ပြောသည်။

ထို့အပြင် ပြည်သူများ မထိခိုက်အောင် တက်နိုင်သလောက် ကာကွယ်နေခြင်းဖြစ်၍ ပြည်သူများအနေဖြင့်လည်း တားမြစ်ထားသည့် အချက်များကို လိုက်နာပေးစေချင်သည်ဟု ပြောသည်။

” တချို့လမ်းတွေဆိုရင် သွားလာခွင့်ပိတ်ထားတာပါ။ အဲဒါကို ခိုးသွားတာတို့ မလုပ်စေချင်ပါဘူး”ဟု CDF စီးယင်းစစ်ဦးစီးချုပ်က ပြောသည်။

ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတပ်များ စစ်ရေးပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံနေမှုနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့ဝင်တာဝန်ရှိသူ အချို့ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ဆောင်းပါး

မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ ချင်းတောင််ခြေတနေရာမှာ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးနဲ့ အိမ်လေးတစ်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။တောင်မြူခိုးတွေဟာအိမ်လေးရဲ့ဘေးဘီမှာ ဝေ့သီ‌နေပါတယ်။ ကျေးငှက်တွေရဲ့ တွန်ကျူးသံက ငြိမ့်ညောင်းလှပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

Facebook