Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်ကူညီနေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း တောင်ကိုရီးယားရောက် မြန်မာများ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် ကိုရီးယားရောက် မြန်မာများ ပူပေါင်း၍ မြန်မာစစ်တပ်ကူညီထောက်ပံနေသော တရုတ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ယနေ့ (မေလ၂၅) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Visuta Ashin Facebook

မေ ၂၅၊၂၀၂၅။ သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် ကိုရီးယားရောက် မြန်မာများ ပူပေါင်း၍ မြန်မာစစ်တပ်ကူညီထောက်ပံနေသော တရုတ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ယနေ့ (မေလ၂၅) ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကို အူဆန်မြန်မာအသင်းက ဦးဆောင်ပြီး တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းနှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများ ပူးပေါင်းပါဝင်ခဲ့သည်။

ဆန္ဒပြသူများက “Democracy” ၊ “China, Stop Supporting Myanmar’s Military”စသည့် စာသားများကို ကိုရီးယားဘာသာများဖြင့် ရေးသား၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းကလည်း စစ်အာဏာရှင်စနစ်ဆိုးက လွတ်မြောက်သည်အထိ ဆက်လက်ပါဝင်ပေးရန်နှင့် ပြည်တွင်း၊ပြည်ပ မြန်မာများအနေဖြင့် ထောက်ပို့အပိုင်း အရှိန်အဟုန်မြှင့်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။