Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းဖြစ် စစ်သုံးဒရုန်း အသစ်တွေကို အီရန် ထုတ်ပြ

အီရန်ဟာ ပြည်တွင်းဖြစ် တပ်ဆင်တည်ဆောက်ထားတဲ့ စစ်သုံး ဒရုန်း အမျိုးအစားသစ် ၃ ခုကို မိတ်ဆက် ပြသခဲ့ပါတယ်။

AP

အီရန်ဟာ ပြည်တွင်းဖြစ် တပ်ဆင်တည်ဆောက်ထားတဲ့ စစ်သုံး ဒရုန်း အမျိုးအစားသစ် ၃ ခုကို မိတ်ဆက် ပြသခဲ့ပါတယ်။

မေလ ၂၆ ရက်နေ့မှာ ပြသခဲ့တဲ့ ဒရုန်းတွေဟာ ထောင်လိုက် အတက်အဆင်း ပြုလုပ်နိုင်တဲ့ စွမ်းရည်မျိုးပါ ပေါင်းစပ် ပါဝင်လာပြီး နိုင်ငံရဲ့ ဒရုန်းစစ်ဆင်ရေး စွမ်းဆောင်ရည်ကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်လိမ့်မယ်လို့ အီရန် ကာကွယ်ရေး အစောင့်တပ်က ကြွေးကြော်ခဲ့ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီးတဲ့နောက် အီရန်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ ရှိနေချိန်မှာ အီရန်က စစ်သုံးဒရုန်း အသစ်တွေကို ထုတ်ပြလာတာ ဖြစ်ပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် လေယာဉ် အစိတ်အပိုင်းတွေ အပါအဝင် စစ်ဘက်ဆိုင်ရာ ကုန်ကြမ်းတွေ ပြည်ပကနေ တင်သွင်းဝယ်ယူဖို့ ခက်ခဲနေတဲ့ အခြေအနေမှာ ပြည်တွင်းဖြစ် စစ်လက်နက်တွေ ထုတ်လုပ်နိုင်ရေးကို ပိုမို အားထည့် ကြိုးစားနေပါတယ်။

အသစ်တည်ဆောက်ထားတဲ့ ဒရုန်းတွေကို Homa၊ Didebanနဲ့ Shahin-1လို့ နာမည်ပေးထားပြီး အီရန်နိုင်ငံ အရှေ့တောင်ပိုင်းက ဒရုန်း လေတပ်စခန်း တစ်ခုမှာ မိတ်ဆက် ပြသခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Homaဟာ ထောင်လိုက် အတက်အဆင်း ပြုလုပ်နိုင်ပြီး အမြင့်ပေ ၁၂၀၀၀ လောက်ကနေ ပျံသန်းရင်း ခက်ခဲကြမ်းတမ်းတဲ့ နယ်မြေတွေ၊ ဒရုန်းဖျက် jammerတွေ ဖြန့်ကျက်ထားတဲ့ ဧရိယာတွေမှာ ထောက်လှမ်းရေး မစ်ရှင်တွေ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ပြီးတော့ Homaမှာ ညကြည့်ကင်မရာတွေလည်း တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

Didebanကတော့ ပိုသေးငယ်ပြီး နေ့ရောညပါ ကင်းထောက် ပျံသန်းမှုတွေအတွက် ရည်ရွယ် တည်ဆောက်ထားပါတယ်။ အဲဒီ ဒရုန်းဟာ သတ်မှတ်ဇုန် တော်တော်များများကို တပြိုင်တည်း scanဖတ် စောင့်ကြည့်နိုင်ပြီး တခြား ထောက်လှမ်းရေး စနစ်တွေနဲ့လည်း ချိတ်ဆက်နိုင်တယ်လို့ ဆိုပါတယ်။

Shahin-1ကတော့ ခေတ်အမီဆုံး ဒရုန်းအသစ်ဖြစ်ပြီး ဝေဟင်နဲ့ မြေပြင် ပစ်မှတ်တွေကို ကိုယ်တိုင် ဝင်တိုက်ပြီး ဖောက်ခွဲ ဖျက်ဆီးနိုင်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။

အီရန်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပြည်တွင်းဖြစ် ဒရုန်းတွေ တည်ဆောက်မှုကို အင်တိုက်အားတိုက် အရှိန်မြှင့် အကောင်အထည် ဖော်နေခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ စစ်ဖြစ်ကြတဲ့ အခါမှာလည်း ရုရှားဟာ အီရန်ဆီက ဖောက်ခွဲရေး ဒရုန်းတွေကို ပမာဏ အများအပြား ဝယ်ယူပြီး စစ်မြေပြင်မှာ အသုံးပြုခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Miami Herald

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ပွဲကို အဆုံးသတ်ဖို့ဆိုရင် အီရန်ဟာ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုတွေကို အမေရိကန်က လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ပမာဏထိ လျှော့ချရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ကို မထောက်ခံတဲ့ အဓိက မြို့ကြီးတွေကို အီရန်က ဖျက်ဆီးရင်တောင် ခွင့်ပြုမယ်လို့ အဓိပ္ပါယ် နှစ်ခွထွက်တဲ့ စကားမျိုး ပြောခဲ့လို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကိုအတိုက်အခံ ဒီမိုကရက် ပါတီအမတ်တွေက ဝေဖန်နေကြပါတယ်။

နိုင်ငံတကာ

အီရန် စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိတွေက စမတ် လက်ပတ်နာရီတွေ ဝတ်ဆင်နေတာနဲ့ ပတ်သက်ပြီး လုံခြုံရေးစည်း ကျိုးပေါက်နိုင်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

Facebook