Connect with us

Hi, what are you looking for?

သတင်း

အာဆီယံက မြန်မာပြည်သူတွေအပေါ် ထပ်မံတာဝန်ပျက်ကွက် ကျရှုံးခဲ့တယ်လို့ SAC-M ထုတ်ပြန်

အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် ထပ်မံတာဝန်ပျက်ကွက် ကျရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

Reuters

မေ-၃၀၊ ၂၀၂၅။ People’s Spring

အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် ထပ်မံတာဝန်ပျက်ကွက် ကျရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ မလေးရှား၊ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံအပြီး SAC-M က သဘောထားကြေညာချက်ထုတ်ပြန်ရာမှာ ‘အာဆီယံဟာ မြန်မာနဲ့ပတ်သက်လို့ စိတ်ပျက်ဖွယ် ထပ်မံကျရှုံးခဲ့တယ်’ လို့ ဖော်ပြပါတယ်။

“ဒီအာဆီယံအဖွဲ့ကြီးရဲ့ မလိုအပ်တဲ့ မြန်မာ့အရေး ဘုံတူညီဆန္ဒ ၅ရပ်ကို ရှေ့ဆက်မလုပ်နိုင်ခြင်းဟာ ရာစုနှစ်ဝက်အတွင်း အကြီးမားဆုံးဒေသတွင်းအကျပ်အတည်းကို ကိုင်တွယ်ရာမှာ အရေးတကြီး၊ ကတိကဝတ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်း ကင်းမဲ့နေတာကို ပြသနေတာပါ” လို့ SAC-M အဖွဲ့ဝင် မာရူကီဒါရူးစ်မန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေးသီးသန့်ထုတ်ပြန်ချက်မှာ ၂၀၂၁ ဧပြီမှာ ချမှတ်ခဲ့တဲ့ ဘုံတူညီဆန္ဒ ၅ရပ်ကို ဆက်လက်ကိုင်စွဲကြောင်း၊ စစ်ကောင်စီအပါအဝင် သက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အပစ်ရပ်ကြေညာချက်တွေကို ကြိုဆိုကြောင်း ဖော်ပြပါတယ်။

ဒါပေမဲ့ အာဆီယံခေါင်းဆောင်တွေ မတွေ့ဆုံမီ တရက်အလို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကျင်းပတဲ့ မေလ ၂၅ရက်မှာ စစ်ကောင်စီက ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မင်္ဂလာဆောင်တစ်ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ သတို့သမီးနဲ့ ကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံး ၁၀ဦးသေဆုံးခဲ့တယ်လို့ SAC-M က ထောက်ပြပါတယ်။

အဲဒီဖြစ်စဥ်မတိုင်မီကလည်း စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းသားကျောင်းသူ ကလေးငယ် ၂၂ဦးနဲ့ ဆရာမ ၂ဦး စုစုပေါင်း ၂၄ဦးသေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၁၀၅ဦးဒဏ်ရာရခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေအပေါ် ကျယ်ပြန့်ပြီး စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံရေးကြိုးပမ်းမှုတွေကြားမှာ မလျော်ကန်တဲ့ ဘက်မျှကို ဆက်လက်တည်တံ့နေစေတယ်လို့ SAC-M က သုံးသပ်ပါတယ်။

SAC-M အဖွဲ့ဟာ ကုလသမဂ္ဂအရာရှိဟောင်းတွေ၊ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ ကျူးလွန်မှုတွေကို မှတ်တမ်းတင် ထုတ်ဖော်ပြောကြားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

အခုသီတင်းပတ်အတွင်း ကျင်းပပြီးစီးခဲ့တဲ့ ၄၆ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေး သီးသန့်ကြေညာချက်ကို ကြိုဆိုထားပြီး နွေဦးတော်လှန်ရေး အန္တိမရည်မှန်းချက်ပန်းတိုင်တွေကို အပြည့်အဝ သဘောတူ တာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ယုံကြည်မှုတည်ဆောက်ဖို့ အသင့်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ – ASEAN

ဆက်စပ်သတင်းများ

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook