Connect with us

Hi, what are you looking for?

သတင်း

ဆောင်းပြောင်းရွာတိုက်ပွဲ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများရဟု ဖယ်ခုံ PDF ပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာတွင် တပ်စွဲထားသော စစ် ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် တပ်စခန်းများတိုက်ခိုက်ရာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများရရှိကြောင်း ဖယ်ခုံ PDFက ယနေ့(မေလ ၃၀ ရက်) ထုတ်ပြန်သည်။

မေ ၃၀၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာတွင် တပ်စွဲထားသော စစ် ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် တပ်စခန်းများတိုက်ခိုက်ရာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများရရှိကြောင်း ဖယ်ခုံ PDFက ယနေ့(မေလ ၃၀ ရက်) ထုတ်ပြန်သည်။

မေလ ၁၇ ရက်မှ ၂၆ ရက်အထိ ၁၀ရက်တာ တိုက်ပွဲများအတွင်း ဆောင်းပြောင်းကျေးရွာမှ စစ်ကောင်စီတပ်စခန်းများအား ဖယ်ခုံPDF (၁၀၀၂)တပ်ရင်းနှင့် မဟာမိတ်တပ်ပေါင်းစုများ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

https://www.facebook.com/LuduNwayOo/videos/698530866267877

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ နေ့စဉ်နီးပါး ပြင်းထန်ခဲ့ပြီး စခန်းကုန်မကျရေး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများ ဆက်တိုက်ပစ်ကူသော်လည်း စခန်းကုန်းအများစုကို မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် ရန်သူ့ဘက်မှစစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိပြီး မဟာမိတ်တပ်ပေါင်းစုဘက်မှ အချို့သောရဲဘော်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြသည်။

“အဓိကတော့ စကစနဲ့ PNOပြည်သူ့စစ်ကို ချေမှုန်းရေးပဲ။တပ်စွဲတာက စိန်ခေါ်မှုများတယ်။အထူးသဖြင့် ခဲယမ်းပဲ။အခုချေမှုန်းရေးက စစ်ရေးအရ အောင်မြင်တယ်”ဟု ရှမ်းတောင် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆောင်းပြောင်းရွာတိုက်ပွဲ ဖြစ်စဥ်အပေါ်လလူထုနွေဦးသို့ ရှင်းပြသည်။

မဟာမိတ်တပ်ပေါင်းစုများ ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် ဆောင်းပြောင်းကျေးရွာမှ နေအိမ်များ မီးရှို့ခံရမှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“မနေ့က(မေလ ၂၉ ရက်)နေ့အထိ လူနေအိမ် နှစ်လုံးလောက် မီးရှို့ခံရတယ်။PNO ကြေညာထားတဲ့အတိုင်းဆို မေလ ၂၇ ရက် သူတို့ တပ်ပြန်စွဲတယ်ဆိုရင်တော့ ဘယ်သူ မီးရှို့တယ်ဆိုတာသိသာတယ်။သူတို့(စစ်ကောင်စီနှင့် PNO) ကတော့ လူမျိုးရေးသွေးထိုးလှုံ့ဆော်ဖို့အတွက် ကရင်နီတွေက ကျူးကျော်ဖျက်ဆီး တယ်လို့ ဒေသခံတွေကို အယုံသွင်းချင်တဲ့အလုပ် လုပ်တယ်ပဲ ပြောရမယ်”ဟု ၎င်းက ပြောသည်။

ဆောင်းပြောင်းရွာတိုက်ပွဲအတွင်း PNO ပြည်သူ့စစ်၏ ဗိုလ်မှူးအချို့အပါအဝင် အဓမ္မစစ်သားစုဆောင်းခံရသည့် ပအိုဝ်းလူငယ် ဆယ်နှင့်ချီသေဆုံးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောဆိုထားသည်။

နောက်ဆက်တွဲစစ်ရေးအခြအနေကြောင့် သီး ခြား ဖြေကြားမှုမပေးနိုင်သေးကြောင်း ဖယ်ခုံ PDF(၁၀၀၂) တပ်ရင်းတာဝန်ရှိသူက ပြောသည်။

ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ မတ်လ ၁၈ ရက်‌တွင် သိမ်းပိုက်ခဲ့ဖူးသည်။ဆောင်းပြောင်းကျေးရွာသည် ပင်လောင်းမြို့တောင်ဘက်၊ ဖယ်ခုံမြို့ကြားတွင်ရှိသည်။

ရုပ်သံ – ဖယ်ခုံ PDF

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။