Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်းအန္တရာယ် သတိပေးဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့တပ်စွဲထားသည့် နေရာများမှ ထွက်လာ၍ ဒေသခံများ ပြင်ပသို့ မထွက်ဘဲ နေအိမ်များအတွင်း နေထိုင်ကြရန် KIA၊KPDF က သတိပေးကြောင်း သိရသည်။

ဖားကန့်​ရောက် စစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ-​ဒေသခံ

မေ-၃၀၊ ၂၀၂၅။ ကဖေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့တပ်စွဲထားသည့် နေရာများမှ ထွက်လာ၍ ဒေသခံများ ပြင်ပသို့ မထွက်ဘဲ နေအိမ်များအတွင်း နေထိုင်ကြရန် KIA၊KPDF က သတိပေးကြောင်း သိရသည်။

ယနေ့ မေလ ၃၀ရက် နံနက် ၉ နာရီကျော်တွင် ကားသုံးစီးဖြင့် စစ်ကောင်စီစစ်ကြောင်းထွက်လာခြင်းဖြစ်သည်။

“မှော်စီဆာဘက်ကို ကားသုံးစီးထွက်လာပြီး လူချသွားတယ်။ လက်နက်အပြည့်အစုံပါတယ်။ ကားတွေက ခါလီပြန်ထွက်သွားပါတယ်။ ဖားကန့်နေပြည်သူတွေ ပြင်ပကို မထွက်ဘဲ အိမ်ထဲမှာ နေကြဖို့ အရေးကြီးပါတယ်”ဟု KIA၊KPDF ပူးပေါင်းတပ်နှင့် နီးစပ်သောသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၇ရက်၌ လုံးခင်းယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက်မေလ ၂၈ရက်မှစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးခဲ့သည်။ မေလ ၂၉ရက် နေ့လယ်ပိုင်းတွင် ဖားကန့်သို့ထွက်ခွာလာပြီး ညနေပိုင်းတွင် ဖားကန့်စုပေါင်းရုံး၊ မြို့ဦးစေတီ၊အထက၊မရှီကထောင်၊တရုတ်ဘုံ

ကျောင်း ၊သီတဂူမျက်စိကုဆေးရုံ၊ပန်းတင်တံတား

၊ဗျူဟာကုန်းတို့တွင်နေရာယူခဲ့သည်။

လုံးခင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကျန်ရှိနေခဲ့၍ စိတ်ချရသည့်အခြေအနေမဟုတ်ကြောင်း ဒေသခံအချို့ကပြောသည်။

“လုံးခင်းလည်း အခြေအနေကမငြိမ်သေးဘူး။ ဆိုင်တွေ ပိတ်ထားရတယ်။ စစ်ကြောင်းထပ်ထိုးမယ်ကြားနေရပြန်ပြီ”ဟုဒေသခံတစ်ဦးကပြောသည်။

ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်းနှင့် ပတ်သက်၍လည်း ဒေသခံတစ်ဦးက “သူတို့က နဂိုတပ်စွဲထားတဲ့နေရာတွေမှာ ဖြန့်ပြီး နေရာယူတာ။ အင်အားကို မခန့်မှန်းနိုင်ဘူး။ ဆိုင်းတောင်က KIA ထိန်းထားတဲ့နေရာ။ အရေးကြီးဆုံးက ဖားကန့်-ဆိုင်းတောင်လမ်းကို မသွားတာအကောင်းဆုံးဖြစ်မယ်”ဟု ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၈ရက်နှင့် ၂၉ရက်က ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် စစ်ကြောင်းထိုးစဉ် နှစ်ရက်အတွင်း အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားငါးဦးကို ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။ ခုနစ်ဦးထက်မနည်းလည်း ဒဏ်ရာရခဲ့သည်။

လုံးခင်းမှ ဖားကန့်သို့သွားမည့်လမ်းတွင် KIAနှင့် PDF က တိုက်ခိုက်ပါက လုံးခင်းဒေသကို လေကြောင်းမှ ဗုံးကြဲပြီး မီးရှို့မည်ဟုခြိမ်းခြောက်ကာ ထွက်ခွာသွားခြင်းဟု သတင်းရရှိသည်။

လုံးခင်းတွင် မေလ ၂၈ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအချို့၌ မပေါက်ကွဲသေးသည့် စစ်လက်နက်များရှိနေသေး၍ တွေ့ရှိပါက အကြောင်းကြားရန်KIAနှင့်PDF ပူးပေါင်းတပ်က ဒေသခံများအား အသိပေးထားသည်။

ဖားကန့်ရှိ ဆိုင်း‌တောင်ရွာကို KIA ပူးပေါင်းတပ်က၂၀၂၄ စက်တင်ဘာ ၁၂ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိန်းချုပ်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။