Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကအပစ်ရပ်ကာလထပ်တိုးကြောင်း ကြေညာပြီးသပိတ်ကျင်းစာသင်ကျောင်းကိုဗုံးကြဲ

စစ်ကောင်စီအပစ်ရပ်ကြေညာသည့်နှစ်လကျော် အတွင်း သပိတ်ကျင်းကို၁၂ကြိမ်ထက်မနည်းဗုံးကြဲပြည်သူ ၄၀ ကျော်သေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရ

သပိတ်ကျင်းမြိုနယ်၄မိုင် ကန်သာစာသင်ကျောင်းဗုံးကြဲခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-ပြင်ဦးလွင်ပကဖ

ဇွန်-၁၊၂၀၂၅။ထားမြတ်/People’s Spring

မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြိုနယ်ရှိစာသင်ကျောင်းတခုကို စစ်ကောင်စီကဇွန်လ ၁ရက်မနက်အစောပိုင်းတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁ရက်နံနက် ၇နာရီ ၄၀ ခန့်တွင် သပိတ်ကျင်းမြိုနယ်၄မိုင် ကန်သာစာသင်ကျောင်းကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး သီး ၁လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။ဗုံးကြဲမှု​ကြောင့်ပြည်သူ​သေဆုံးထိခိုက်မှုမရှိ​သော်လည်းစာသင်​ဆောင် နှစ်​ဆောင်ပျက်စီးသွား​ကြောင်းအသိ​ပေးထားသည်။

စစ်ကောင်စီသည် မေလ ၃၁ရက် နေ့စွဲဖြင့် ဇွန်လ တစ်လလုံးကို ယာယီအပစ်ရပ်စဲရေး ကာလအဖြစ် ထပ်မံ တိုးမြှင့်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအကြာ ဇွန်လ ၁ရက် မနက်အစော၌ စာသင်ကျောင်းကိုထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ငလျင်ဘေး အကြောင်းပြပြီး ဧပြီလနှင့်မေလတို့တွင် အပစ်ရပ်စဲရေးကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်း အကြိမ်​ရေ ရာချီ၍ ဗုံးကြဲခဲ့ပြီး ၊စစ်​ကြောင်းထိုး တိုက်ခိုက်မှုများလည်းပြုလုပ်ခဲ့သည်။

သပိတ်ကျင်းမြို့နယ်တစ်ခုတည်းမှာပင် အပစ်ရပ်​ကြေညာထား​သောကာလအတွင်း ဗုံးကြဲမှု အနည်းဆုံး ၁၂ ကြိမ်ပြုလုပ်ခဲ့ပြီး ​ဒေသခံပြည်သူ၄၀ ​ကျော်​သေဆုံးကာ ၊၈၀ ​ကျော်ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် သပိတ်ကျင်းမြိုနယ် ၊လိပ်ကျရွာကိုမေလ ၂၀ရက်ကလည်း လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် မေလ ၁၈ရက်ကလည်း လိပ်ကျရွာကိုပင် လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့သည်။

မေလ ၁၅ရက်ကလည်း သပိတ်ကျင်းမြိုနယ် ၉မိုင် ကျေးရွာနှင့် လမ်းလယ်ကျစ်ကျေးရွာ ကြား စစ်ရှောင်စခန်းကိုလည်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ကလေးငယ် ၄ဦး အပါအဝင် ပြည်သူ ၉ ဦး ဒဏ်ရာရခဲ့သည်။ မေလ ၁၀ရက်ကလည်း သပိတ်ကျင်း ဇရပ်ကွင်း ကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦး သေဆုံးပြီး ၇ဦး ဒဏ်ရာရခဲ့သည်။

မေလ ၇ရက်ကလည်းသပိတ်ကျင်းမြိုနယ် ရေထွက်ရွာ ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာက​လေးငယ်များအပါအဝင် ပြည်သူ ၁၀ဦး ဒဏ်ရာရခဲ့သည်။

ထိုအပြင်ဧပြီလအတွင်းကလည်း သပိတ်ကျင်းမြိုနယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူများ အစုလိုက် သေဆုံးထိခိုက်မှု ဖြစ်ခဲ့သည်။ ဧပြီ ၂၀ ရက်တွင် သပိတ်ကျင်း ညောင်ပင်သာရွာကို လေကြောင်း တိုက်ခိုက်ရာ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့သည်။ ဧပြီ ၁၉ရက်က သပိတ်ကျင်းမြိုနယ် ရေထွက်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူ ၂၄ ဦးထက်မနည်း သေဆုံးကာ ၃၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ ဧပြီ ၁၈ရက်ကလည်း လိပ်ကျရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဧပြီ ၁၆ရက်ကလည်း သပိတ်ကျင်း လိပ်ကျရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်မှုမရှိခဲ့ပေ။ ဧပြီ ၁၄ရက်ကလည်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို ဗုံးကြဲခဲ့ရာ ပြည်သူ ၂ဦးသေဆုံးကာ ၈ဦး ဒဏ်ရာရခဲ့သည်။ ဧပြီ ၁၁ရက်ညကလည်း သပိတ်ကျင်း ကြက်ရိုးပင်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ဦး ဒဏ်ရာရခဲ့သည်။

ဧပြီ ၃ရက်ကလည်း သပိတ်ကျင်းမြို့နယ် ၇မိုင်ရွာအနီး စစ်ကောင်စီ လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူထိခိုက်မရှိပေ။

စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူများ လေကြောင်းရန် ကာကွယ်နိုင်ရေး ပုန်းခိုကျင်းများ တူးထားရန် ပြင်ဦးလွင်ခရိုင် ပကဖက နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။