Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက်မြင့်တက်

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင်ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက်သို့မြင့်တက်လာပြီး ယခင်ရက်ကထက် ပိုနောက်ကျိ​နေသော ရေများ မြို့ပေါ်ရပ်ကွက်များသို့ စီးဝင်နေသည်။

မြစ်ကြီးနားမ​နောကွင်းအထိ​ရေတက်​နေစဥ်

ဇွန်-၂၊၂၀၂၅။ကဖေး/People’s Spring

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင်ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက်သို့မြင့်တက်လာပြီး ယခင်ရက်ကထက် ပိုနောက်ကျိ​နေသော ရေများ မြို့ပေါ်ရပ်ကွက်များသို့ စီးဝင်နေသည်။

ယ‌နေ့(ဇွန်လ၂ရက်) နံနက် ၆နာရီတိုင်းတာချက်အရ ရေမှတ် ၁၂၀၅ စင်တီမီတာသို့ ရောက်ရှိလာခြင်းဖြစ်သည်။မြစ်ကြီးနားမြို့၏စိုးရိမ်ရေမှတ်သည် ၁၂၀၀ စင်တီမီတာ(၃၉ပေခန့်)ဖြစ်သည်။

“ရေတွေက အနည်တွေပိုများပြီးပိုပျစ်လာတယ်။ အထက်ဘက်မှာ တောင်ကျရေတွေပိုပြီး ပိုဆင်းလာတဲ့အခြေအနေရှိတယ်။ ဒါဆိုရင် ရေဘေးကထင်တာထက်ဆိုးသွားနိုင်တယ်”ဟုမြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေသည် မြစ်ကြီးနားမြို့ပေါ်ရှိ မနောကွင်းအထိရေတက်နေပြီးကြက်ပေါင်ခြံ စီတာပူ၊ လယ်ကုန်နှင့်ရမ်ပူရပ်ကွက်သည် ကျန်ရပ်ကွက်များထက်ရေများနေသည်ဟု သတင်းရရှိသည်။ မိုးလည်းမတိတ်သေးဘဲ ဆက်ရွာနေသည်။

“မြစ်ရေ ရေ ၁ ပေတိုးတိုင်း ရပ်ကွက်ထဲ ရေ ၂ပေ မြင့်ပါတယ်။ ချောင်းရေတွေကတဆင့်ပါရေတွေက တိုးနေတာမို့လို့။ တော်တော်ကို အကျပ်တွေ့နေပါတယ်။ရှာဖွေကယ်ဆယ်ရေးတွေကိုထင်သာမြင်သာရှိအောင်ပြင်ဆင်ထားဖို့လိုပါတယ်”ဟုမြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။

ဧရာဝတီမြစ်ဖျားပိုင်းဒေသများဖြစ်သည်မေခ၊မလိခ မြစ်ဆုံရာဒေသများ၊ ပူတာအိုခရိုင်အတွင်းမြို့နယ်များ၊တရုတ်နှင့်ထိစပ်နေသော ပန်ဝါ၊ဆော့လော်မြို့တို့အပါအဝင်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသော မြို့နယ်များတွင် မေလ ၂၅ရက်မှ စ၍ မိုးရွာခဲ့ပြီးနောက် ဧရာဝတီမြစ်ရေတိုးလာခြင်းဖြစ်သည်

ကချင်ပြည်နယ်အတွင်း ချီဖွေ၊ဆွမ်ပရာဘွမ်၊ ဆော့လော်၊ ပန်ဝါ၊ ပူတာအိုမြို့တို့တွင် ရေကြီးပြီး စစ်ဘေးရှောင်စခန်းများနှင့် နေအိမ်ပျက်စီးမှုများရှိနေသည်။ပျက်စီးသွားသည့်စစ်ဘေးရှောင်စခန်းများတွင် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများကပြောသည်။

ပူတာအို-ဆွမ်ပရာဘွမ်လမ်း၊ ဝိုင်း မော်-ချီဖွေလမ်းပိုင်း၌လည်းတောင်ကျရေကြောင့်ကားလမ်းများပျက်စီးပြီးခရီးသွားများရေဘေးကြုံနေကြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ