Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်ကိုချဉ်းကပ်ခဲ့တဲ့မြန်မာစစ်လေယာဉ်ကြောင့်ထိုင်းကF-16တိုက်လေယာဉ်တွေစေလွှတ်

မြန်မာ စစ်လေယာဉ်တစ်စီးနယ်ကျော်ဝင်ရောက်လာမှုကို တားဆီးဖို့ ထိုင်းတော်ဝင်လေတပ်ဟာ F-16 တိုက်လေယာဉ်နှစ်စီးကိုစေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဇွန်-၃၊၂၀၂၅။People’s Spring

မြန်မာ စစ်လေယာဉ်တစ်စီးနယ်ကျော်ဝင်ရောက်လာမှုကို တားဆီးဖို့ ထိုင်းတော်ဝင်လေတပ်ဟာ F-16 တိုက်လေယာဉ်နှစ်စီးကိုစေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဇွန်လ ၃ ရက်နေ့က မြန်မာ စစ်လေယာဉ်ဟာ တက်ခ်ပြည်နယ်ရဲ့ ဖော့ဖရား ခရိုင်နဲ့ ထိစပ်ရာ နယ်စပ်ဆီ အရမ်း နီးနီးကပ်ကပ် ချဉ်းကပ် ပျံသန်းလာတဲ့နောက် နာခွန်ဆာဝမ် ပြည်နယ်ထဲက လေတပ်စခန်း တစ်ခုမှာအခြေစိုက်ထားတဲ့ F-16တွေ အရေးပေါ် ပျံတက်ခဲ့ရတာလို့ ဆိုပါတယ်။

https://www.facebook.com/LuduNwayOo/videos/2690544344472389

Public Service Announcement

Public Service Announcement

မြန်မာ စစ်လေယာဉ်ဟာ ကရင်ပြည်နယ်၊ မြဝတီမြို့မှာအခြေစိုက်တဲ့ စစ်စခန်း​တွေအတိုက်ခံရလို့လေကြောင်းပစ်ကူ ပေးနေခဲ့တာလို့ သိရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်နားမှာတော့ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်တွေဟာ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)ရဲ့ ပြင်းပြင်းထန်ထန် စစ်ဆင် တိုက်ခိုက်မှုတွေနဲ့ ကြုံနေရပါတယ်။

မြဝတီ-ဝေါ်လေလမ်းပိုင်းက သေဘောဘိုးတပ်စခန်းကို KNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေကသိမ်းပိုက်ဖို့ ထိုးစစ်ဆင်တဲ့တိုက်ပွဲဟာ ဒီနေ့မှာ ပြင်းထန်နေတယ်လို့ သိရပါတယ်။

KNLAနဲ့ မဟာမိတ်တွေက စစ်ကောင်စီကို မြေပြင်က ထိုးစစ်ဆင်နေသလိုဒရုန်းတွေပါအသုံးပြု ဗုံးကြဲနေပြီး စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်နေပါတယ်။

ထိုင်းစစ်တပ် သတင်းအရင်းအမြစ်တွေရဲ့အဆိုအရမြဝတီမြို့နယ်ထဲမှာ နယ်စပ် စစ်စခန်း ၄ ခုလောက်ကို စစ်ကောင်စီဖက်က ကျားကုတ်ကျားခဲ ခုခံ ထိန်းသိမ်းထားဆဲလို့ သိရပါတယ်။ ကျန်တဲ့ စခန်းတွေကတော့ ကရင် တော်လှန်ရေး တပ်တွေလက်ထဲ ကျရောက်ခဲ့ပြီးပါပြီ။

မြဝတီက စစ်ရေး ပဋိပက္ခတွေဟာ အခုဆိုရင် သီတင်းပတ်တွေနဲ့ချီ ကြာမြင့်လာပြီ ဖြစ်ပြီး သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် စစ်ရှောင် ၅၀၀ ကျော်လောက်ဟာ ထိုင်းဖက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့နဲ့ စစ်တပ်ဟာ နယ်စပ်တလျှောက်မှာ လုံခြုံရေး တိုးမြှင့် ချထားကြောင်းလည်း သိရပါတယ်။

ကိုးကား: Thai PBS

ရုပ်သံ-Addy Chaiyadech

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေ အခြေစိုက်ရာ KK Park အထူးစီးပွားရေး ဇုန်ကနေ ထွက်ပြေးလာသူတွေကြောင့် နယ်စပ်ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်း - မြန်မာ ကုန်သွယ်ရေးအာရှလမ်းမကြီးမှာစစ်ရေးအရ အရေးပါတဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်သွားတဲ့ စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့တပ်စခန်းတွေရှိရာမြဝတီမြို့တောင်ဘက်ခြမ်းဆီ စစ်ကြောင်းထိုးဖို့ စုဖွဲ့ ပြင်ဆင်မှု ပြုလုပ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ထိုင်းအာဏာပိုင်တွေရဲ့ အင်တာနက် ဖြတ်တောက် ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့အတွက် မြန်မာနိုင်ငံဖက်ခြမ်း၊ နယ်စပ်အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဟာ Starlink ဂြိုဟ်တု အင်တာနက် စနစ်ကို ပြောင်းလဲ အသုံးပြုလာနေကြောင်း သိရပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်နားမှာ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်တာကို ထောက်လှမ်း သိရှိခဲ့တယ်လို့ ထိုင်းမိုးလေဝသ ဌာနက ပြောပါတယ်။