Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့အနီးရှိ PDF ဂိတ်ကိုစီးနင်းရန်ကြိုးစား​သောစစ်​ကြောင်းအထိနာ၍ ပြန်ဆုတ်

မန္တလေးတိုင်း၊မြင်းခြံမြို့နှင့် ၆ မိုင်ခန့်အကွာရှိ PDF ဂိတ်ကို စစ်​ကြောင်းထိုးလာသည့် စစ်တပ်နှင့် ပျူစောထီးများကို ​တော်လှန်​ရေးတပ်များကခုခံတိုက်ခိုက်ရာ စစ်​ကြောင်းအထိနာ၍ပြန်ဆုတ်သွားကြောင်း မြင်းခြံခရိုင်အမှတ် (၁၈၄၈)ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူကလူထုနွေဦးသို့ပြောသည်။

စစ်တပ်စစ်​ကြောင်းကို ​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်စဥ်။ဓါတ်ပုံ-အညာဒေသတော်လှန်ရေးအင်အားစု ၊Wolf Guerrilla Force

ဇွန်-၃၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နှင့် ၆ မိုင်ခန့်အကွာရှိ PDF ဂိတ်ကို စစ်​ကြောင်းထိုးလာသည့် စစ်တပ်နှင့် ပျူစောထီးများကို ​တော်လှန်​ရေးတပ်များကခုခံတိုက်ခိုက်ရာ စစ်​ကြောင်းအထိနာ၍ပြန်ဆုတ်သွားကြောင်း မြင်းခြံခရိုင်အမှတ် (၁၈၄၈)ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူကလူထုနွေဦးသို့ပြောသည်။

ဇွန်လ ၂ ရက်နံနက် ၆ နာရီခန့်တွင်တူရွင်းဘိုရွာရှိ PDF စစ်ဆေးရေးဂိတ်သို့ စစ်ကောင်စီတပ်နှင့်ပျူစောထီးများရောက်ရှိပြီးနောက် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

“သူတို့အင်အားက ၇၀ ဝန်းကျင်လောက်ရှိမယ်။မနေ့က ကျွန်တော်တို့ ဒရုန်းအဖွဲ့တွေချပြီးမကြာဘူးပြန်ပြေးတာပဲ။လက်နက်ကြီးနဲ့ကတော့ ပစ်နေတာတွေရှိတယ်”ဟု အထက်ပါတာဝန်ရှိသူက တူရွင်းဘို ရွာတိုက်ပွဲ အခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက ဆက်လက်၍”သူတို့နယ်မြေက တော်တော်ကျဉ်းနေပြီလေ အဲ့ကြောင့်နယ်မြေ စမ်းချဲ့တာ”ဟု​ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီနှင့်ပျူစောထီး ၂၀ ဦးထက်မနည်းသေဆုံးဒဏ်ရာရရှိကြောင်း ​တော်လှန်​ရေးအဖွဲ့များကထုတ်ပြန်ထားသည်။သို့​သော်လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိ​ပေ။

ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီနှင့်ပျူစောထီးတို့သည် ပြည်သူများထံမှ ဆိုင်ကယ်များနှင့် အဖိုး တန် ပစ္စည်းအချို့ကိုလုယက်ယူဆောင်သွားခဲ့ပြီးလယ်သစ်ရွာ၌ဝေစုခွဲယူခဲ့ကြောင်းသိရသည်။

“လယ်သစ်ကမြင်းခြံမြို့အထွက်မှာရှိတဲ့ရွာ။ပျူရွလိုဖြစ်နေတာဗျအဲ့မှာသူတို့ရဲ့အထိုင်စခန်းရှိတယ်။အဲ့မှာဝေစုခွဲပြီး မြင်းခြံထဲပြန်ဝင်သွားတာ”ဟုမြင်းခြံ မြို့၏စစ်ဘက်သတင်းရင်းမြစ်ကပြောသည်။

တိုက်ပွဲကြာမြင့်ချိန် ၁၀ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာခြောက်ဦးခန့်ဒါဏ်ရာရရှိခဲ့သည်ဟုသိရသည်။

စစ်ကောင်စီနှင့်ပျူစောထီးပူး​ပေါင်းတပ်စစ်​ကြောင်းထိုးလာမှုကို အညာဒေသတော်လှန်ရေးအင်အားစု၊ ရွှေခြံသား၊ နဂါးနီ၊ MP 9၊ ပြည်သူ့ ကြယ်တပွင့်၊ မြင်းခြံမြို့နယ်ပကဖ၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊မြင်းခြံခရိုင်တပ်ရင်း ၂၊ Wolf Guerrilla Force နှင့် မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းဒရုန်းလက်ရုံးတပ်တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မေလ ၁၅ ရက်ကစ၍ မြင်းခြံခရိုင်မှ ​တော်လှန်​ရေးတပ်ဖွဲ့များ၏ ၉/အညာ​မြေစစ်ဆင်ရေးကို မြင်းခြံ၊နွားထိုးကြီး၊တောင်သာနှင့် ငါးန်းဇွန် မြို့နယ်တို့မှ စစ်ကောင်စီဂိတ်စခန်းများတိုက်ခိုက်ခဲ့သည်။

မေလ ၁၉ ရက်အထိ စစ်ကောင်စီ ဘက်မှ သေဆုံးသူ ၅၀ ထက်မနည်းရှိကာ လက်နက် ၂၇ လက်သိမ်းဆည်းရရှိကြောင်း ၉/ အညာမြေ စစ်ဆင်ရေးက ထုတ်ပြန် ထားသည်။

ထိုစစ်ဆင်ရေးသည်ဆက်လက်အကောင်အထည်ဖော်နေကြောင်းလည်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြင်းခြံမြို့နယ်ကကျေးရွာတွေကိုမီးရှို့အောင်ပွဲခံ နေတဲ့ဗီဒီယိုဖိုင်ကိုမြင်းခြံမြို့နယ်ကစစ်တပ်လက်​အောက်ခံပျူစောထီး တဦးကTikTokမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျှဝေ​အောင်ပွဲခံခဲ့ပါတယ်။