Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဘက် ရပ်တည်ပေးသည့် တရုတ်အစိုးရကိုဆန့်ကျင်​ကြောင်း အမေရိကန်ရောက် မြန်မာများတရုတ်သံရုံးရှေ့ ဆန္ဒပြ

မြန်မာ့အရေးတွင် တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ကြောင်းနှင့် စစ်​ကောင်စီဘက်မှရပ်တည်​သော တရုတ်အစိုးရကို ဆန့်​ကျင်​ကြောင်းအမေရိကန်နိုင်ငံ နယူးယောက်စီးတီးရှိကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့တွင် နယူး​ယောခ်ရှိမြန်မာများစုဖွဲ့ထား​သော NYCBCကဦး​ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ဓါတ်ပုံ-NYCBC

ဇွန်-၈၊၂၀၂၅။People’s Spring

မြန်မာ့အရေးတွင် တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ကြောင်းနှင့် စစ်​ကောင်စီဘက်မှရပ်တည်​သော တရုတ်အစိုးရကို ဆန့်​ကျင်​ကြောင်းအမေရိကန်နိုင်ငံ နယူးယောက်စီးတီးရှိကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့တွင် နယူး​ယောခ်ရှိမြန်မာများစုဖွဲ့ထား​သော NYCBCကဦး​ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ဇွန်လ ၆ရက်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရက စစ်ကောင်စီဘက် ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေခြင်းများ ရပ်တန့်ရန် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများနှင့် NYCBC အဖွဲ့က ဦးဆောင် ဆန္ဒ ပြခဲ့ခြင်းဖြစ်​ကြောင်းဖော်ပြထားသည်။

တရုတ်အစိုးရ အနေဖြင့် စစ်ကောင်စီပြုလုပ်မည့် တရားမျှတမှုမရှိသည့်အတုအယောင် ရွေးကောက်ပွဲကို မထောက်ခံရန် ၊ စစ်ကောင်စီကိုစစ်လက်နက်များ မထောက်ပံ့ရန် မြန်မာနွယ်ဖွားများက တောင်းဆိုခဲ့ပြီး မြန်မာပြည်သူများကြုံနေရသည့် အခက်အခဲများကို ထောက်ထားပေးရန် တိုက်တွန်းခဲ့ဟု NYCBCက အသိပေးသည်။

Public Service Announcement

Public Service Announcement

ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် မြန်မာပြည်သူများ အပေါ် တရားဥပဒေမဲ့ အကြမ်းဖက် သတ်ဖြတ် မီးရှို့ဗုံးကြဲမှုများ နေ့စဉ်ရက်ဆက်ပြုလုပ်နေသော မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စုအားရပ်တည်ထောက်ခံပေးနေသည့် တရုတ်ကွန်မြူနစ်အစိုးရ၏ မှားယွင်းသော မူဝါဒကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒထုတ်​ဖော်မှုကိုလည်းတိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

၂၀၂၁တွင် ဒီမိုကရေစီအစိုးရထံမှ မတရား အာဏာလုယူပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် အစိုးရ ခေါင်းဆောင်များ၊ လွတ်တော်ကိုယ်စားလှယ်များအား ဖမ်းဆီးထောင်ခဲ့ကြသည့် အာဏာရှင်များကို ပြည်သူများက မထောက်ခံဘဲ တွန်းလှန်ခဲ့ကြသည်မှာ လေးနှစ်ကျော်ရှိပြီဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ အမျိုးသားတဦးက ပြောကြားခဲ့ပြီး တော်လှန်ရေးကပေါက်ဖွားလာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို တခဲနက်ထောက်ခံကြောင်း အသိပေးသည်။

အာဏာသိမ်းပြီးလေးနှစ်ကျော်အတွင်းစစ်ကောင်စီက သတ်ဖြတ်ခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ များစွာကို သတ်ဖြတ်ခဲ့သည့် စစ်အုပ်စုအား ရပ်တည်ပေးနေမှုကို တရုတ်အစိုးရ အနေဖြင့် ရပ်တန်းက ရပ်ပေးရန်လည်း ၎င်းကတောင်းဆိုခဲ့သည်။

“တရုတ်ရှီကျင်းပင် အစိုးရ အနေနဲ့ ရပ်တန်းကရပ်ဖို့ကျနော်တို့ဒီနေရာကတောင်းဆိုပါတယ်။ ပြင်းပြင်းထန်ထန်လည်း ကန့်ကွက်ပါတယ်။” ဟုဆန္ဒပြပွဲ ဦးဆောင်သူက ပြောကြားသည်။

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများက ခွင့်မပြုကြောင်း၊ ပြည်သူ့ ဆန္ဒမပါဘဲ ရွေးကောက်ပွဲ လုပ်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့်ရွေးကောက်ပွဲ လုပ်ဆောင်သူများကို ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူက ပြောကြားသည်။

တရုတ်ကွန်မြူနစ်အစိုးရ ကျရှုံးပါစေ၊ ရှီကျင်းပင်အစိုးရ ကျရှုံးပါစေ ဟုလည်း ဆန္ဒ ပြသူများက ကြွေးခဲ့ကြပြီးနွေဦးတော်လှန်ရေးအောင်ရမည် အရေးတော်ပုံ အောင်ကိုအောင်ရမည်ဟု ကြွေးကြော်ခဲ့သည်။

ထို့ပြင် CHINA Get Out of Burma ၊ China Shame on You စာသားများ ရေးသား ဖော်ပြပြီး တရုတ်သမ္မတ ရှီကျင်းပင်အား အလိုမရှိကြောင်း ဖော်ပြသည့် ပုံကို ကိုင်ဆောင်ဆန္ဒထုတ်ဖော်ပြသည်ကိုလည်းတွေ့ရသည်။

“ငါတို့အနာဂတ်ငါတို့ ကိုယ်တိုင်ဆုံးဖြတ်မယ်”ဟုလည်း ဆန္ဒထုတ်ဖော်သူတို့က ဖော်ပြကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook