Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင် MNDAAဖမ်းထားသည့် ရွာလူကြီး ပြန်လွတ်လာ

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) ဖမ်းဆီးထားသည့်လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာမှ ရွာလူကြီးဦးဆိုင်ကြာ ပြန်လည်လွတ်မြောက်လာပြီဟုသတင်းရရှိသည်။

ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) ဖမ်းဆီးထားသည့်လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာမှ ရွာလူကြီးဦးဆိုင်ကြာ ပြန်လည်လွတ်မြောက်လာပြီဟုသတင်းရရှိသည်။

ဦးဆိုင်ကြာကို ဇွန်လ ၅ရက် ညနေတွင် MNDAAတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားပြီးနောက် ကျေးရွာ၏ အိမ်ထောင်စုစာရင်းနှင့် အခြားအချက်အလက်များကိုတောင်းယူပြီး ပြန်လွှတ်‌ ပေးခြင်းဟု ဒေသခံတဦးကပြောသည်။

“ရွာရဲ့အိမ်ထောင်စုစာရင်းကို တောင်းယူပြီးဦးဆိုင်ကြာကိုပြန်လွှတ်ပေးလိုက်တယ်။ ၆ရက်နေ့ညက လွှတ်ပေးပြီး ၇ရက်နေ့ကျမှ သူလွတ်ကြောင်းသိရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဦးဆိုင်ကြာသည် ကျန်းမာရေးကောင်းမွန်ပြီး MNDAAက ရိုက်နှက်နှိပ်စက်ခဲ့ခြင်းလည်းမရှိဟု ဆိုသည်။

MNDAAနှင့်ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်ပြည်တပ်မတော် (SSPP/SSA)သည် ဟန်နားကျေးရွာနှင့်နားလိုင်ကျေးရွာအနီးတွင် ဇွန်လ ၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဘက်စလုံးက စစ်ရေးလှုပ်ရှားမှုများရှိနေသည်။ စစ်ရေးနှင့်လုံခြုံရေးအခြေအနေအကြောင်းပြ၍ အရပ်သားများအားဖမ်းဆီးမည်ကို ဒေသခံများကစိုးရိမ်နေသလို MNDAA က ရရှိထားသည့်အိမ်ထောင်စုစာရင်းအလိုက်စစ်သားစုဆောင်းမှုကိုလည်းစိုးရိမ်နေကြသည်။

ဦးဆိုင်ကြာအား ဖမ်းဆီးခြင်းနှင့် ပြန်လွှတ်‌ ပေးသည်ကိစ္စနှင့်ပတ်သက်၍ MNDAAက သတင်းမထုတ်ပြန်ပေ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဖြေရှင်းမည်ဟု SSPPက မတ်လ ၃၀ ရက်ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။