Connect with us

Hi, what are you looking for?

သတင်း

ဒေသအများစု တကျော့ပြန် မိုးကောင်းနိုင်

မုတ်သုန်လေအားကောင်းနေ၍ အလယ်ပိုင်းဒေသများအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့၌ မိုးပြန်ကောင်းလာနိုင်ပြီး ရေဘေးနှင့်မြေပြိုမှု ဘေးသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။

​မေလကုန်ပိုင်းက ကချင်ပြည်နယ်တွင် ​ရေကြီးစဥ်။ဓါတ်ပုံ-CJ

ဇွန်-၉၊၂၀၂၅။အိမ်သွင်/People’s Spring

မုတ်သုန်လေအားကောင်းနေ၍ အလယ်ပိုင်းဒေသများအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့၌ မိုးပြန်ကောင်းလာနိုင်ပြီး ရေဘေးနှင့်မြေပြိုမှု ဘေးသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။

ဇွန်လ ၉ရက်မှ ဇွန်လ ၁၅ရက်အတွင်း မိုးကောင်းနိုင်ခြင်းနှင့်အတူ ရေဘေးသတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း ဒေသအများအပြား၌မိုးကောင်းပြီး နေရာကွက်မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

ရွှေဘိုမြို့အပါအဝင်စစ်ကိုင်းတိုင်းအတွင်းမြို့နယ်အချို့တွင် ဇွန်လ ၈ရက်မှစ၍ မိုးကောင်းခဲ့သည်။ ရွှေဘိုမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နေ၍ လူသုံးကုန်ပစ္စည်းများနေရာရွှေ့ပြောင်းနေရသည်ဟု ဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

လာမည့် ဇွန်လ ၁၃ရက်မှစ၍ မိုးပိုကောင်းလာနိုင်ပြီး ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ အထူးသတိပြုနေထိုင်ကြရန် MOHADMက သတိပေးထားသည်။

ဇွန်လ ၁၆ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သော်လည်း ဆက်လက်အားကောင်းနိုင်ခြင်းမရှိကြောင်းလည်ခန့်မှန်းထားသည်။

ငလျင်ဘေးသင့်ဒေသများ၌လည်း မြေကျွံခြင်း၊ မြေပြိုခြင်းနှင့် ယိုင်နဲ့နေသည့် အဆောက်အအုံပြိုကျခြင်းများသတိပြုကြရန်လည်း သတိပေးထားသည်။

ပြီးခဲ့သည့်မေလနောက်ဆုံးပတ်က ဘင်္ဂလားဒေ့ရှ်ကို ဝင်သည့် မုန်တိုင်းမြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြတ်စဥ် ကချင်ပြည်နယ်တွင် မိုးကြီးခဲ့သည်။မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်မြို့၊ ချီဖွေမြို့၊ ပူတာအိုမြို့၊ စစ်ကိုင်းတိုင်းမှ နာဂဒေသတို့တွင် ရေဘေးနှင့် မြေပြိုမှု ဘေးရင်ဆိုင်ခဲ့ရသည်။ ဧရာဝတီမြစ်ရေလည်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်ခဲ့သည်။

ထို့အပြင်ရခိုင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့်‌ တောင်ကုတ်မြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဆောင်းပါး

“လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀အတွင်းဒီအဆင့်အထိ ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်မျိုးမတွေ့ဖူးသေးပါဘူး”ဟုအမေရိကန်ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇီးခ် ဟောက်စ်ဖက်သာ(Zeke Hausfather)ကသုံးသပ်ထားပါတယ်။

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီး ရေဘေးနဲ့မြေပြိုမှုဘေး ရင်ဆိုင်နေရပါတယ်။

Facebook