Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမှာဆေးရုံဝင်းကိုစစ်တပ်ကဗုံးကြဲ အမျိုးသမီးတဦးသေဆုံး ၊ ၃ ဦးထက်မနည်းဒဏ်ရာရ၊ သပိတ်ကျင်းမှာတိုက်ပွဲ ပြင်းထန်​နေ

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းကို စစ်တပ်က ဒီက​နေ့နံနက်မှာ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ​တွေက ပြောပါတယ်။

ပျက်စီးခဲ့သော အဆောက်အအုံအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇွန်-၉၊ ၂၀၂၅။ မေရီ၊​မေ/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းကို စစ်တပ်က ဒီက​နေ့နံနက်မှာ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ​တွေက ပြောပါတယ်။

ဇွန် ၉ ရက်နံနက် ၅ နာရီခွဲခန့်က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်း အတွင်းကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးတလုံး ကြဲခဲ့လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ​တွေက ပြောပါတယ်။

“ဈေးထဲက မိန်းခလေးနှစ်ယောက်မှာ တယောက်က လက်ပြတ်တယ်။ တယောက်က သေဆုံးသွားတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြား​ဒေသခံတဦးက”ဆေးရုံအ ဆောက်အဦး တွေလည်းပျက်သွားတယ်။အခု တလောဆေးရုံ၊ရဲစခန်းအကုန် နေရာအတိအကျနဲ့ကြဲ နေတာ”လို့ပြောပါတယ်။

စဥ့်ကူးမြိူ့နယ်ကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် မန္တ​လေးက ၂၀၂၄ ဇူလိုင် ၁၇ ရက်​​နေ့မှာအပြီးသတ်သိမ်းပိုက်ထားတာဖြစ်ပါတယ် ။

ဇွန်လ(၈)ရက်နေ့ကလည်း စဥ့်ကူးမြို့နယ်၊လက်ပန်လှရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဇွန်လ (၁) ရက်နေ့ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်က စာသင်ကျောင်း၊ ဟိုတယ် နဲ့ လူနေအိမ်တွေကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့လို့ အဆောက်အအုံပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင်စဉ့်ကူးမြိုနယ်ရဲ့မြောက်ဘက်ကသပိတ်ကျင်းမြို့နယ်ကိုလည်းစစ်တပ်ကနေ့စဉ်ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

“တမနက်ထဲကိုအကြိမ်၂၀ကျော်လေကြောင်းတိုက်တယ်။တောက်လျှောက်ခေါင်းပေါ်မှာ လေယာဉ် တွေဝဲ နေတာ။တိုက်ပွဲလည်း ပြင်းထန်နေတယ်”လို့ ဒေသခံတဦး ကပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊မိုးကုတ်-မန္တလေး လမ်းမပေါ်က ၇မိုင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေကြဲချကာအဲဒီနောက်မှပေါင်၅၀၀၊ပေါင်၃၀၀ဗုံး တွေကြဲချ နေတာလို့သိရပါတယ်။

စစ်တပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာ တွေကို လေ‌‌ယာဉ်နဲ့ ဗုံးကြဲကာ ထိုးစစ်ဆင် တိုက်ခိုက်မှု တွေပြုလုပ် နေပြီး စဉ့်ကူး၊မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို စစ်တပ်က တရစပ် လေ ကြောင်းတိုက်ခိုက်တာတွေပြုလုပ် နေပါတယ်

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။