Connect with us

Hi, what are you looking for?

သတင်း

လုပ်ခလစာတိုး​ပေးရန်ဦး​ဆောင်​တောင်းဆို​သော ETEC ဝန်ထမ်းတဦးကိုစစ်​ကောင်စီက ဖမ်းဆီးသွားသည်မှာ ၅ ရက်ကြာသည့်တိုင်မလွတ်​သေး

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။

လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည် ETEC (Earth Tamura Electronic Myanmar co.ltd)ကုမ္ပဏီ၏ စက်ရုံလုပ်ငန်းခွင်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-earthgroupofcompanies

ဇွန်-၁၃၊၂၀၂၅။ရဲခေါင်/People’s Spring

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။

မိသားစုဝင်အချို့ နှင့် ၎င်း၏ နီးစပ်သူအချို့ပြောဆိုချက်အရဇွန်လ၉ရက်နေ့ညနက်ပိုင်းက တောင်ဒဂုံမြို့နယ်၊ ၂၁ ရပ်ကွက်ရှိ နေအိမ်တွင် ကိုရာဇာထွန်းကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုရာဇာထွန်းသည်တောင်ဒဂုံမြို့နယ်၊တောင်ဒဂုံစက်မှုဇုန် ၁ ၊ယောက်ကော်လမ်းရှိ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည် ETEC (Earth Tamura Electronic Myanmar co.ltd) ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ် သည်။

Public Service Announcement

Public Service Announcement

“လုပ်အားခတောင်းတော့သူက ဦးစီးပြီး တောင်းတာ။အခုက သူ့ကိုဖမ်းသွားတာအလုပ်သမားတွေအားလုံး သိကြတယ်။ဒီနေ့ အထိမလွှတ်ပေးသေးဘူး”ဟု ETEC ဝန်ထမ်းတစ်ဦးက ဖမ်းဆီးခံထားရသော ကိုရာဇာထွန်း၏ အခြေအနေကို လူထုနွေဦးသို့ပြောသည်။

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ကိုရာဇာထွန်းနှင့်အဆက်အသွယ်ပြတ်တောက်နေကြောင်းလည်း မိသားစုဝင်နှင့်နီးစပ်သူက က အသိပေးသည်။

“တောင်ဒဂုံရဲစခန်းလိုက်တယ်။မရှိဘူးတဲ့။နောက် ဘယ်ခေါ်သွားလဲ ဆိုတာပါ မသိရသေးဘူး။စိတ်တွေလည်းဆင်းရဲရတယ်။သူ့မှာက မိန်းမနဲ့ကလေးငယ်လေး ရှိသေးတာ”ဟု ၎င်းက ပြောသည်။

ကိုရာဇာထွန်းကို ဖမ်းဆီးခဲ့မှုသည် ကုမ္ပဏီ နှင့် စစ် ကောင်စီတို့ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသော ETEC ဝန်ထမ်းအချို့က ​ပြောသည်။

“ဆန္ဒပြတော့ ဦးဆောင်သူကဘယ်သူလုပ်တယ်ဆိုတာ CCTV မှတ်တမ်းကစက်ရုံမှာပဲရှိသလို။သူဘယ်မှာနေတယ်ဆိုတာ လည်းစက်ရုံမှာလိပ်စာရှိတာကို။အဲဒါကြောင့်အတိအကျဖမ်းသွားတာ။အခုက ညီမတို့ပါ ငြိမ်ငြိမ်နေ မဟုတ်ရင် ပါသွားမယ်ဆိုတဲ့ပုံစံအထိ ကု မ္ပဏီထဲမှာ သတင်းဖြန့်နေတာရှိတယ်”ဟု ETEC ဝန်ထမ်း တစ်ဦးကပြောသည်။

ယခုဖြစ်စဥ်သည် အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ၊အလုပ်ရုံ အလုပ်သမားများအပေါ် စစ်ကောင်စီနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ဖိနှိပ်ခြင်းသည်။ ထိုသို့ပြုလုပ်ပြီးအကြောက်တရားဝင်လာ​အောင် ခြိမ်းခြောက်​သောလုပ်ရပ်ဖြစ်သည်ကို ထင်ရှားစွာမြင်​တွေ့နိုင်သည့်ကိစ္စရပ်များထဲမှတစ်ခုဖြစ်ကြောင်း အလုပ် သမားအခွင့်အရေးဆောင်ရွက်ပေးနေသူတစ်ဦးက​ပြောသည်။

ဆက်လက်၍ ၎င်းက “ဒါက လုပ်ခလစာ တိုးပေးဖို့တောင်းဆိုတဲ့အလုပ် သမားတစ်ယောက်ရဲ့အခြေခံအခွင့်အရေးကိုချိုးဖောက်တာဖြစ်သလို အာဏာသိမ်းစစ်တပ်အောက်မှာ အခြေခံလူသားတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေးဘယ်လောက်ဆုံးရှုံးသလဲ ဆိုတာ မြင်နိုင်တယ်”ဟု ပြောသည်။

လုပ်ခလစာ တိုးမြှင့်ရေးအတွက် ETEC စက်ရုံလုပ် သား ၆၀၀ ကျော်သည် ဇွန် ၂ ရက်ကစ၍ တစ်ရက်အခြေခံလုပ်အားခ ၅,၈၀၀ ကျပ် အစား ၁၃,၀၀၀ ကျပ် ရရှိရေး တောင်းဆိုခဲ့ပြီး ၉ ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဇုံကော် မတီရုံး၌ ညှိနှိုင်းသည့် ၈,၇၀၀ ကျပ်ဖြင့် သ ဘောတူခဲ့ကြသည်။

ထို့အပြင် ဇွန်လ ၁၃ ရက်ကလည်းရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွငိ လုပ်ခလစာတိုးတောင်းသည့် အလုပ်သမားခေါင်းဆောင်းများကို တရုတ်နိုင်ငံသားပိုင် Runyang (Myanmar ) အထည်ချုပ်စက်ရုံက ရဲခေါ်ဖိအားပေးကာ ၎င်းတို့သတ်မှတ်နှုန်းအတိုင်းလက်ခံရန် လက်ဗွေနှိပ်ခိုင်းခဲ့သည်။

ပြည်တွင်း၌ ​ငွေ​ကြေး​ဖောင်းပွပြီးကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ကြပ်တည်း လာသည့် စားဝတ်နေရေးကြောင့် စက်ရုံ၊အလုပ်ရုံ လုပ် သားထု၏ လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်တောင်းဆိုမှုများဆက်တိုက်ရှိလာသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ (ဇူလိုင် ၁၉) ပြုလုပ်ခဲ့သည်။

သတင်း

တပ်သားသစ်များအနေဖြင့် စစ်အာဏာရှင်များ၏ အလိုကျ တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ အလင်းဝင်ကြရန် KNU နှိုးဆော်

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

Facebook