ဇွန်-၁၅၊၂၀၂၅။ရဲခေါင်/People’s Spring
မကွေးနှင့် ပဲခူးတိုင်းတို့တွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် အရှိုချင်းကာကွယ်ရေးတပ်(ACDF) ၏ ရဲဘော်သစ်များ သင်တန်းဆင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။
ယနေ့(ဇွန်လ ၁၅ ရက်)က ထုတ်ပြန်သည့် အခြေခံစစ်သင်တန်း အပတ်စဉ် ၆ သင်တန်းဆင်းပွဲနှင့်သစ္စာရေသောက် အခမ်းအနားကို ACDF နောက်တန်းလေ့ကျင့်ရေးကွင်း၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟုသိရသည်။
“ကျွန်တော်တို့ အရှိုချင်း ကာကွယ်ရေးတပ် က ကျွန်တော်တို့သွားမယ့်လမ်းကို ဖြည်းဖြည်းမှန်မှန်နဲ့သွားနေပါတယ်”ဟု ACDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းခနီလေဗွေက လူထုနွေဦးသို့ပြောသည်။

Public Service Announcement
သင်တန်းဆင်းပွဲအခမ်းအနားကိုအရှိုချင်းကာကွယ်ရေးတပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ (ACDF) တပ်မှူးများနှင့် ဖိတ်ကြားထားသောမဟာ မိတ်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း အသိပေးသည်။
ACDF၏ စစ်ရေးသတင်းများအရ အာရက္ခတပ်တော်AA ၊ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) နှင့် NUG လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်နေသည်။
အထူးသဖြင့် ယခုနှစ်အတွင်း ပဲခူးတိုင်းအနောက်ဘက်ခြမ်းနှင့် မကွေးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီစစ်ကြောင်းများ ၊အမ်း-ပဒါန်းလမ်းကို အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းများအပြင်စစ်သုံ့ပန်းအချို့ပါ ဖမ်းဆီးရရှိထားသည်။




















































