Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအမြစ်ပြတ်သည်အထိတိုက်ထုတ်ရန် တော်လှန်ရေးအင်အားစုများကိုအရှိုချင်းကာကွယ်ရေးတပ်တိုက်တွန်း

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့်ထိခိုက်သေဆုံးမှု များပြားကြောင်း ကြားသိရပြီး ယင်းအပေါ် အထူးပင် ဝမ်းနည်းကြောင်း ACDFက ထုတ်ပြန်သည်။

စစ်ကောင်စီအမြစ်ပြတ်သည်အထိတိုက်ထုတ်ရန် တော်လှန်ရေးအင်အားစုများကိုအရှိုချင်းကာကွယ်ရေးတပ်တိုက်တွန်း
စစ်ကောင်စီအမြစ်ပြတ်သည်အထိတိုက်ထုတ်ရန် တော်လှန်ရေးအင်အားစုများကိုအရှိုချင်းကာကွယ်ရေးတပ်တိုက်တွန်း

ဂုဏ်သိက္ခာမဲ့၊ စဉ်းစားချင့်ချိန်မှုမဲ့စွာဖြင့် ရာဇဝတ်ပြစ်မှု မြောက်များစွာ ကျူးလွန်လျက်ရှိသော စစ်ကောင်စီအား အမြစ်ပြတ်သည်အထိ စည်းလုံးမှုဖြင့် တော်လှန် တိုက်ထုတ်ကြရန် တော်လှန်ရေးအင်အားစုများအား တိုက်တွန်းနှိုးဆော်ကြောင်းအရှိုချင်းကာကွယ်ရေးတပ်(ACDF)ကယနေ့ ထုတ်ပြန်သည်။

ချင်းပြည်နယ် ဝေဘူလမြို့ နှင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာအား စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့မှု အပေါ် ပြင်းထန်စွာရှုံ့ချကြောင်း ACDFက ထုတ်ပြန်ခဲ့ရာ အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၀ရက်က ဝေဘူလမြို့ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် ၉ဦး သေဆုံးခဲ့ပြီး ၄ဦး ဒဏ်ရာရခဲ့သည်။ ယနေ့ ဧပြီ ၁၁ရက်တွင် ပဇီကြီးရွာအား စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူလူထုများစွာ အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့်ထိခိုက်သေဆုံးမှု များပြားကြောင်း ကြားသိရပြီး ယင်းအပေါ် အထူးပင် ဝမ်းနည်းကြောင်း ACDFက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ခေတ်အဆက်ဆက်တိုင်းရင်းသား ပြည်နယ်များ၌ စစ်ရာဇဝတ်ပြစ်မှု အများအပြား ကျူးလွန်ခဲ့သည့်နည်းသူ မတရားအာဏာသိမ်းပြီါ်နောက်ပို်ငးတွင်လည်း နိုင်ငံအနှံ့၌ လူမဆန်သည့် ပြစ်မှု အမြောက်အများ ဆက်လက် ကျူးလွန်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လှုပ်ရှားမှုများ မျက်ခြေမပြတ် စောင့်ကြည့်ရန် နှင့် လေကြောင်း တိုက်ခိုက်မှုများ အချိန်မရွေး ပြုလုပ်နိုင်သည့်အတွက် လေကြောင်းအန္တရာယ် ကာကွယ်ရေးနှင့် ဗုံးခိုကျင်းများ ပြုလုပ်ကာ ကြိုတင်ကာကွယ်ကြရန် နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook