Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်ကထိုးနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ နောင်ချိုက ကျေးရွာသုံးရွာမှာ တိုက်ပွဲဖြစ်

စစ်တပ်က အဆိပ်ငွေ့ဗုံး (၃၇)လုံးကြဲ​​ကြောင်း TNLAထုတ်ပြန်

တအာင်းတပ်မတော်(TNLA)မှ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

ဇွန်-၁၅၊ ၂၀၂၅။ People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကျေးရွာသုံးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့(ဇွန်လ ၁၅ရက်) ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြင်ဦးလွင်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ TNLAပူးပေါင်းတပ်တို့ နောင်ချိုမြို့နယ်က အုမ္မသီး၊ ရေမောင်းတန်းနဲ့ လက်ပန်ကုန်းကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေတာပါ။

ပြင်ဦးလွင်မြို့နယ်က ဝက်ဝံကျေးရွာမှာအထိုင်ချ ခံစစ်ပြင်နေတဲ့ စစ်ကောင်စီတပ်ဟာ မန္တလေး−လားရှိုးလမ်းမကြီးကတဆင့်ဝက်ဝံ−ဘန်းဘွေး−နောင်ချိုဆိုပြီး စစ်ကြောင်းထိုးနေပါတယ်။

Public Service Announcement

Public Service Announcement

အုမ္မသီးနဲ့ ရေမောင်းတန်းကျေးရွာဟာ မန္တလေး−လားရှိုးလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။

ဒီကနေ့နံနက်က အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွား‌ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး (၃)လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၃၇)လုံးနဲ့ ဗုံး (၃၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

ဒါ့အပြင်လက်ပန်ကုန်းကျေးရွာဘက်မှာလည်း ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာလည်း စစ်တပ်က လက်နက်ကြီး (၆)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ပံကုန်းကျေးရွာဟာပြင်ဦးလွင်ကနေ တောင်းခမ်းသွားတဲ့လမ်းပိုင်းမှာရှိပြီးတောင်းခမ်းရွာနဲ့ ပိုနီးပါတယ်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက​တော့ တအာင်းတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်‌ကြောင်းထိုးဝင်​ရောက်ဖို့ကြိုးစား​နေတာပါ။ အဲဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက် ဇွန်လ ၅ရက်နဲ့ ၆ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ကနေ ပြင်ဦးလွင်ဘက်ကို စစ်ကူကားတွေ နှစ်ရက်ဆက် ပို့ခဲ့တယ်လို့ (၂၁)မိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။ဇွန်လ ၁၃ရက်ကလည်း စစ်ကားခြောက်စီး နောင်ချိုဘက်ကို တက်သွားတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရွှေညောင်ပင်ကျေးရွာဘက်ကိုလည်း ပြည်သူလူထုတွေရှိရာကို ဦးတည်ပြီး ရည်ရွယ်

ချက်ချက်ရှိရှိနဲ့ လက်နက်ကြီး (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLAက ဆိုပါတယ်။

မနေ့ကလည်း နောင်ချိုမြို့နဲ့နီးတဲ့ ရွှေသွန်း၊ ပိန္နဲကုန်း၊ သရက်ကုန်းနဲ့ လက်ပန်ကုန်းကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အသိပေးထားပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ထိုးစစ်ဆင်ပြုလုပ်မှာမဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလကို နောက်ထပ် (၁)လ သက်တမ်းထပ်တိုးထားနေစဉ်မှာစစ်တပ်ကအခွင့်ကောင်းယူပြီး ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။