Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကတော်လှန်​ရေးတပ်များထိန်းချုပ်ထား​သော စစ်ကိုင်းအထက်ပိုင်း​ကိုဆက်တိုက်ဗုံးကြဲ​နေ

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF )နှင့် ​တော်လှန်​ရေးတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့နယ်များကို စစ်​ကောင်စီက ယခုရက်ပိုင်းအတွင်းလေကြောင်းဗုံးကြဲမှုများဆက်တိုက်ပြုလုပ်​နေပြီးဇွန်၂၂ ရက်နံနက်ပိုင်းတွင်လည်း PDFများသိမ်းပိုက်ထားသည့် အင်းတော်မြို့ကိုဗုံးကြဲခဲ့သည်။

အင်း​တော်မြို့နယ်ကို စစ်တပ်ကဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-IR

ဇွန်-၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF )နှင့် ​တော်လှန်​ရေးတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့နယ်များကို စစ်​ကောင်စီက ယခုရက်ပိုင်းအတွင်းလေကြောင်းဗုံးကြဲမှုများဆက်တိုက်ပြုလုပ်​နေပြီးဇွန်၂၂ ရက်နံနက်ပိုင်းတွင်လည်း PDFများသိမ်းပိုက်ထားသည့် အင်းတော်မြို့ကိုဗုံးကြဲခဲ့သည်။

အင်းတော်မြို့နယ်၊နဘားကျေးရွာလမ်းဆုံကိုယ​နေ့ နံနက် ၅နာရီ၄၅မိနစ်နှင့်၅နာရီ၅၁မိနစ်တို့တွင်ဗုံး၂လုံးကြဲခဲ့​ကြောင်းဒေသတွင်းစစ်​ရေးသတင်းများဖော်ပြပေးနေသည့် Indaw Revolution-IRက ထုတ်ပြန်သည်။

အင်း​တော်မြို့နယ်ကို စစ်တပ်ကဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-IR

အဆိုပါဗုံးကြဲမှုမှုကြောင့်နဘားလမ်းဆုံရှိရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းပျက်စီးကာခရီးသွားအမျိုးသမီးတစ်ဦး ဦးခေါင်းမှန်စထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု Indaw Revolution-IRက ထုတ်ပြန်သည်။ ဒေသခံ အချို့ကလည်း စစ်တပ်ကဗုံးကြဲသည်ကို အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“လေကြောင်းက မကြာမကြာ လာပစ်နေတာ။ အခုကတော့အရပ်သားတွေနေရာ ထိတာပါ။သတိတော့ အမြဲထားနေကြပါတယ်”ဟုဒေသခံတဦးကပြောသည်။

အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့်၂၀၂၄ သြဂုတ်လကတည်းက ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၅ ဧပြီ ၇ ရက်တွင် PDF ၊ABSDF ၊KIA ၊KPDF နှင့် ပကဖ တို့ကထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ မြို့သိမ်းတိုက်ပွဲအတွင်း တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးကို ဖမ်းမိခဲ့ပြီး လက်နက်ကြီးအများအပြားလည်း သိမ်းနိုင်ခဲ့သည်။ စစ်ကောင်စီကအင်းတော်မြို့ကို လေကြောင်းမှမကြာခဏလာရောက်တိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဧပြီလက အင်းတော်မြို့နယ်အတွင်းရှိ ဆေးခန်းတစ်ခုအပေါ် စစ်တပ်ကလေကြောင်းဗုံးကြဲရာအသက် (၆၁)အရွယ် သူနာပြု ဦးအေးမောင်ဒဏ်ရာရပီုးဆေးကုသမှုခံယူစဥ်ကွယ်လွန်ခဲ့သည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း၌ အင်းတော်မြို့နှင့်ဆက်စ်သောပင်လည်ဘူးမြို့၊ ကန့်ဘလူမြို့၊ ကောလင်းမြို့တို့ကိုလည်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည်။ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က ပင်လည်ဘူးမြို့၊ အင်္ဂါးရွာစာသင်ကျောင်းဝင်းအတွင်းကို စစ်ကောင်စီတပ်ကဗုံးကြဲရာဆရာမတစ်ဦး‌ဆုံးပြီးကလေးငယ် ၃ ဦးအပါအဝင်၈ဦးဒဏ်ရာရရှိခဲ့သည်။CDMဆရာမ(မူပြ)အသက်၃၀အရွယ်ဒေါ်ဌေးဌေးမြင့် ​သေဆုံးခဲ့ပြီး အသက်၄နှစ်အရွယ်ကလေးငယ်၂ဦး၊ ၇နှစ်အရွယ်ကလေးတဦး နှင့် စာသင်ကျောင်းယာယီဆောင်ဆောက်လုပ်ရန်ထရံယက်​​နေ​သူ၅ဦး ဒဏ်ရာရခဲ့သည်။

“ဒဏ်ရာရတဲ့အထဲကကလေးတဦးကတော့ဒဏ်ရာပြင်းတယ်လို့သိရတယ်။မနေ့ညနေ(ဇွန် ၂၀ ရက်ည​နေ)ကလည်း ကျွန် တော်တို့ခေါင်း ပေါ်တောက် လျှောက် လေယာဉ် တွေဝဲ နေတယ်”လို့ ကောလင်းမြို့နယ်က ဒေသခံတဦး ကပြောပါတယ်။

ထို့အပြင် ဇွန်လ ၂၀ ရက်ည၉နာရီခန့်တွင်လည်း ကောလင်းမြို့အရှေ့ပိုင်းကို ဗုံးနှစ်လုံးကြဲသွားခဲ့သည်။ဇွန်လ ဒုတိယလပတ်အတွင်းက ကန့်ဘလူမြို့ကိုလည်း လေကြောင်းမှနှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

စစ်​တပ်က ကောလင်း၊ပင်လည်ဘူး၊အင်း​တော် စသည့်​ဒေသများတွင်မည်သည့်တိုက်ပွဲမှ မရှိဘဲ ဗုံးကြဲ​နေခြင်းဖြစ်သည်။ပင်လည်ဘူးမြို့နယ်ကိုလည်း​PDF နှင့် ​တော်လှန်​ရေတပ်များကထိန်းချုပ်ထားပြီး ၊​ကောလင်းမြို့နယ်တွင်လည်းမြို့​ပေါ်မှအကကျန်​နေရာအများစုကို​တော်လှန်​ရေးတပ်များကထိန်းချုပ်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။