Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းက နဘားရွာ လမ်းဆုံ ဗုံးကြဲခံရ

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ် ၊ နဘားကျေးရွာ လမ်းဆုံ ကို စစ်ကောင်စီလေတပ်က ဒီနေ့ မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ခရီးသွား ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်းတော်မြို့နယ်ရဲ့ မြေပြင်စစ်ရေးဖြစ်ရပ်တွေကို ဖော်ပြနေတဲ့ အင်းတော်တော်လှန်ရေးအဖွဲ့ ( Indaw Revolution_IR) အသိပေးပါတယ်။

ဇွန် – ၂၂ ၊ ၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ် ၊ နဘားကျေးရွာ လမ်းဆုံ ကို စစ်ကောင်စီလေတပ်က ဒီနေ့ မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ခရီးသွား ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်းတော်မြို့နယ်ရဲ့ မြေပြင်စစ်ရေးဖြစ်ရပ်တွေကို ဖော်ပြနေတဲ့ အင်းတော်တော်လှန်ရေးအဖွဲ့ ( Indaw Revolution_IR) အသိပေးပါတယ်။

ဒီမနက်ပိုင်း ၅ နာရီ ၄၅ မိနစ်ကနေ မနက် ၆ နာရီမထိုးခင် ၁၅ မိနစ်အတွင်းမှာတင် ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နဘားလမ်းဆုံမှာရှိတဲ့ ရန်အောင် မင်္ဂလာဘုန်းကြီး ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ခရီးသွား ပြည်သူအမျိုးသမီး တစ်ဦးရဲ့ ဦးခေါင်း ဗုံးစ မှန်ခဲ့တယ်လို့ Indaw Revolution_IR ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲမဖြစ်ပါဘူး ၊ အဲနားမှာ ဂိတ်တွေတော့ရှိတယ်” လို့နဘားကျေးရွာဒေသခံ တစ်ဦးသူကပြောပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ချိတ်ဆက်ထားတဲ့ ကားလမ်းပေါ်မှာ ရှိတဲ့ နဘားရွာ လမ်းဆုံ ဟာ အင်းတော်မြို့ရဲ့ အရှေ့ ဘက် ၄ မိုင်ခန့် အကွာ မှာတည်ရှိပါတယ်။

စစ်ရေးအရ အရေးပါတဲ့ နဘားလမ်းဆုံမှာ စစ်ကောင်စီတပ်က အာဏာ သိမ်းပြီးနောက် တောက်လျှောက်တပ်စွဲထားခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ သြဂုတ်လ အတွင်းကတိုက်ပွဲတွေမှာတော့ လက်လွှတ်ဆုံးရှုံးသွားတာဖြစ်ပါတယ်။

အင်းတော်မြို့ကိုတော့ ရှစ်လနီးပါးခန့် ထိုးစစ်တိုက်ခိုက်ခဲ့ပြီး အခုနှစ် ဧပြီလအတွင်း တော်လှန်ရေးအင်အားစုတွေက အပြီးသတ်သိမ်းယူ လိုက်နိုင်တာပါ။

ဆက်စပ်သတင်းများ

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

နိုင်ငံတကာ

နိုင်ငံပိုင်နက်ထဲကို ကျူးကျော်ပြီး ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook