Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်တွင်စစ်​ကောင်စီတပ်က တစ်ရွာဝင်တစ်ရွာထွက် မီးရှို့ဖျက်ဆီးနေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင်စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်ကျေးရွာများသို့ဝင်ရောက်ကာတစ်ရွာတစ်ရွာထွက်၍ရွာစဥ်လှည့်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်များ နှင့် ဒေသခံပြည်သူများက လူထုနွေဦးသို့ပြောသည်။

ဇွန်လ ၂၃ ရက်နံနက်ပိုင်းတွင်ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ။ဓာတ်ပုံ-​CJ

ဇွန် – ၂၃၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင်စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်ကျေးရွာများသို့ဝင်ရောက်ကာတစ်ရွာတစ်ရွာထွက်၍ရွာစဥ်လှည့်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်များ နှင့် ဒေသခံပြည်သူများက လူထုနွေဦးသို့ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၂၀ ရက်နေ့ကစတင်ပြီးထောက်ကြန့်အုပ်စု၊ တောင်ပြတ်ရွာမကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင်ဇွန်လ၂၂ရက် မနက်ပိုင်းတွင် ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုကျွဲလမ်းစုရွာနှင့်နေ့လယ်ပိုင်းတွင်ထောက်ကြန့်အုပ်စု၊ သရော်ကုန်ရွာတို့မှ နေအိမ်များကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း ၎င်းရင်းမြစ်များက ပြောသည်။

ထို့အပြင်ဇွန်လ၂၂ ရက်ကဦးတိုကညင်ပင်အုပ်စုသို့ဝင်ရောက်စဥ် ပြည်သူငါးဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထောကြန့်အုပ်စု၊ သရောကုန်းရွာမှလူငယ်နှစ်ဦးကိုလည်းစစ်တပ်က စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်သွားကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်တဲ့မင်းလှမြို့နယ်ကရန်ကုန်-ပြည်လမ်းအရှေ့ဘက်ရှိ ရွာတွေကို မီးရှို့ရှင်းလင်းရန် တပ်မ ၆၆ တပ်မမှူးမှ အမိန့်ပေးထားကြောင်းစစ်ကြောင်းမှာပါလာတဲ့ စခဗိုလ်​၏ ပြောဆိုချက်အရ သိရပါတယ်။ မီးမရှို့ရင်အရေးယူခံရမယ်လို့ ခြိမ်းခြောက်တယ်လို့ ပြောကြတာလည်းရှိတယ်။ ခုရွာတွေကပြည်သူတွေအိမ်ကပစ္စည်းတွေကားနဲ့ယူနေတယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇွန်လ ၂၃ ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကျေးရွာတစ်ရွာလျင် အင်အား ၅၀ ကျော်ဖြင့် တပ်များဖြန့်ကာ ရွာစဥ်လှည့်မွှေ နှောက်နေသည့်အပြင် ဂန့်ဂေါ်ပင်အုပ်စု ဗိုလ်တထောင်ရွာနှင့် ဂန့်ဂေါ်ပင်ရွာမ၊ ထောက်ကြန့်အုပ်စု ဆားချောင်းရွာနှင့် ဆင်အိုင်ချောင်း​ပေါက်ရွာ၊ ခွက်မအုပ်စု ငလှစမ်းရွာ စသည့်ကျေးရွာငါးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆက်ပြော သည်

ယင်းအပြင် ငလှစမ်းရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးစဥ် ပြည်သူ ၁၀ ဦးထက်မနည်းကို ရိုက်နှက်နှိပ်စက်သွားကြောင်းလည်း တော်လှန်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံပြည်သူများက ပြောသည်။

လက်ရှိအခြေအနေတွင်စစ်တပ်စစ်ကြောင်းများသည် မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ ရွာစဥ်လှည့်ဝင်ရောက်ဖျက်ဆီးလျှက်ရှိရာကျေးရွာအများအပြားမှ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။