Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ‌ယနေ့ ဇွန်လ ၂၄ရရက် ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားသည်။

ဇွန်-၂၄၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ‌ယနေ့ ဇွန်လ ၂၄ရရက် ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားသည်။

ညနေ ၄နာရီ ၅၈မိနစ်တွင်တစ်ကြိမ်၊ ၅နာရီ၀၃မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး လာရောက်ကြဲချခြင်းဟု TNLAက ထုတ်ပြန်သည်။

မြို့ပေါ်ကိုဗုံးကြဲခြင်းဟု ဒေသခံအချို့ကပြောပြီး ထိခိုက်ပျက်စီးမှုမှုအခြေအနေကို မသိရှိရသေးပေ။ ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖြစ်စဥ်အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဟု TNLA က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1032767932385370

TNLA နှင့် မဟာမိတ်များသည် ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့များကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။

ထပ်မံရရှိ​သော သတင်းအရ ​ဒေသခံပြည်သူ ၁ ဦး​သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

ကျောက်မဲမြို့ကို သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုမှာ ၂၀၂၄ နိုဝင်ဘာ ၃၀ရက်က ထုံးဘိုရပ်ကွက် အင်ကြင်းတောင်ပေါ်ရှိ သီလရှင်‌ကျောင်းကို တိုက်ခိုက်မှုဖြစ်သည်။ ကျောင်းထိုင်အပါအဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်။ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေ၍ ဒေသခံများ အင်တာနက်နှင့် ဖုန်းလိုင်းဆက်သွယ်ရေးလိုင်းအသုံးပြုမှုကို TNLAက ယခုနှစ် ဇန်နဝါရီ၂၈ရက်မှ စတင်၍ ပိတ်ပင်ထားသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် TNLAပူးပေါင်းတပ်များသည် နောင်ချိုမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

Facebook