Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရဲတပ်ဖွဲ့က စစ်ကောင်စီထံ လွှဲလိုက်သည့် လူငယ် ၄ဦး စစ်သင်တန်းအပို့ခံရပြီး PDF ထံ ထွက်ပြေးလာ

ထိုင်းတွင် ဗီဇာသက်တမ်းလွန်၍ ဖမ်းဆီးခံရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စစ်ကောင်စီထံ လွှဲပေးလိုက်သည့် လူငယ်(၄)ဦးသည် စစ်သင်တန်းသို့ ပို့ဆောင်ခံလိုက်ရပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

စစ်သားသစ်အဖြစ် အဓမ္မစုဆောင်းခြင်းခံရသူ လူငယ် ၄ဦး မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထံသို့ ခုံလှုံလာစဥ်

ဇွန်-၂၄၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

ထိုင်းတွင် ဗီဇာသက်တမ်းလွန်၍ ဖမ်းဆီးခံရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စစ်ကောင်စီထံ လွှဲပေးလိုက်သည့် လူငယ်(၄)ဦးသည် စစ်သင်တန်းသို့ ပို့ဆောင်ခံလိုက်ရပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၈ရက်က ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို ၁၂) မှ အဓမ္မစုဆောင်းခြင်းခံရသူ လူငယ် (၄) ဦးသည် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထံသို့ ခိုလှုံ လာခြင်းဖြစ်သည်။

အဆိုပါ လူငယ်(၄)ဦးသည် ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်သဖြင့် ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်စဉ် စစ်ကောင်စီက တိုင်းဗဟို (၁၂) သို့ စစ်မှုထမ်း အပတ်စဉ် ၁၁အဖြစ် အတင်းအဓမ္မ ပို့ဆောင်ခံခဲ့ရသူများဖြစ်ကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” ထိုင်းက စစ်ကောင်စီလက်ထဲ အပ်လိုက်သူတွေအကုန်လုံးပဲ စစ်သားစုဆောင်းခံနေရတာ။ ထွက်ပြေးလာသူတွေလည်း များတယ်”ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် နီးစပ်သူကပြောသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာက ထိုင်းရဲတပ်ဖွဲ့က ရနောင်း-ကော့သောင်းနယ်စပ်မှတဆင့် စစ်ကောင်စီထံ လွှဲပေးလိုက်သည့် လူငယ်၂၇ဦးသည် စစ်သားစုဆောင်းခံလိုက်ရပြီး စစ်ဆင်ရေးနယ်မြေတစ်ခုတွင်စစ်ကောင်စီတပ်သားနှစ်ဦးအား ပစ်ခတ်ကာ ကရင်အမျိုးသားအစည်းအရုံး( KNU)တပ်မဟာ(၄)ထံ ထွက်ပြေးခိုလှုံခဲ့ဖူးသည်။

ဇွန်လ ၂၁ရက်ကလည်း ပုလောမြို့အခြေစိုက် ခလရ(၁၇)မှ အတင်းအဓမ္မစစ်သားစုဆောင်းခံရသူနှစ်ဦးသည် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထံသို့ လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့သည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် အတည်ပြုခဲ့ပြီး လူငယ်များကို အတင်းအကြပ်ဖမ်းဆီးခဲ့သည်။ ယခုအခါ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၄အထိ ရှိလာပြီဖြစ်သည်။ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်သင်တန်းဆင်းများကို အများဆုံးအသုံးပြုနေသည်။ စစ်သင်တန်းဆင်းများသည် တိုက်ပွဲအတွင်း သေဆုံးမှုများနေပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ဖမ်းဆီးခြင်းလည်း ခံနေရသည်။

စစ်သားစုဆောင်းခံရသူလူငယ်များအနေဖြင့် စစ်သင်တန်းတက်နေစဉ် ကာလတွင်ဖြစ်စေ၊ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင်ဖြစ်စေ အခြေအနေပေးသည်နှင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် PDF၊ ပကဖ၊ ပအဖ၊ ပလဖ နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများထံ ဘက်ပြောင်းခိုလှုံကြရန်နှင့် ပြည်သူ့ရင်ခွင်ကဲ့သို့အဖွဲ့အစည်းများထံ ချိတ်ဆက်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ