Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲရက်၂၀ကြာလာ၊ တော်လှန်ရေးတပ်စိုးမိုးနယ်မြေတချို့လက်လွှတ်ရ

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်တကြောကို စစ်တပ်ကအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတာရက်၂၀ကြာမြင့်လာပြီး တိုက်ပွဲ တွေမကြာခဏဖြစ်ပွားနေကာတော်လှန်ရေးတပ် စိုးမိုးနေရာတချို့ကိုလက်လွှတ်လိုက်ရတယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

မင်းကွန်း​​ဒေသတွင် စစ်​ကောင်စီတပ်ကိုခုခံ​တော်လှန်​နေ​သော ​ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ

ဇွန်-၂၅၊၂၀၂၅၊မေ/People Spring

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်တကြောကို စစ်တပ်ကအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတာရက်၂၀ကြာမြင့်လာပြီး တိုက်ပွဲ တွေမကြာခဏဖြစ်ပွားနေကာတော်လှန်ရေးတပ် စိုးမိုးနေရာတချို့ကိုလက်လွှတ်လိုက်ရတယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

ဇွန်လ ၅ ရက် နေ့ကစတင်ပြီးမင်းကွန်းကျေးရွာကနေ စစ်ကောင်စီက အင်အား၁၅၀လောက်နဲ့ စစ်ကြောင်းထိုးနေတာလို့သိရပါတယ်။

မင်းကွန်းရွာရဲ့မြောက်ဘက်က ကင်းရွာကို တော်လှန်ရေးတပ် တွေ ကာကွယ်တိုက်ခိုက်ခဲ့ပေမယ့် ရက်အတော်ကြာတိုက်ပွဲဖြစ်ပြီး ချောင်းမကြီးရွာကို ဆုတ်ပေးလိုက်ရပါတယ်။ဒါအပြင်ဇွန်လ ၁၁ ရက်နေ့မှာ ချောင်းမကြီးရွာကနေ ထပ်မံဆုတ်ခွာပေးလိုက်ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မင်းကွန်း​​ဒေသတွင် စစ်​ကောင်စီတပ်ကိုခုခံ​တော်လှန်​နေ​သော ​ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ

အဲဒီနောက် တော်လှန်ရေးတပ်အားလုံးဆုတ်ခွာခဲ့ပြီး အနီးနားက ကုန်းတခုမှာ နေရာယူကာစစ် ကြောင်းကိုခုခံခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“၂ပတ်ကျော်အထိကျွန်တော်တို့ခုခံအင်အားနဲ့ ခုခံခဲ့ ပေမယ့် မနေ့က တော့သူတို့ဘက်က သာလွန်အင်အားနဲ့ ကျွန် တော်တို့ဘက်ကလည်း အင်အားရော၊လက်နက်ခဲယမ်းရော လျော့နည်း တာရော၊ကျွန် တော်တို့ လက်ရှိယူထားရတဲ့ ပွိုင့် တွေကို ထပ်ပြီးဆုတ် ပေးထားရတယ်”လို့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

စစ်တပ်က အင်အား၂၀၀လောက်နဲ့ စစ်ကြောင်းထိုးနေပြီး လက်ရှိမှာ ချောင်းမကြီးနဲ့ အုန်းသဇင်ရွာကြက ယခင်တော်လှန်ရေးတပ်တွေထိုင်ထားတဲ့ နေရာ တွေကိုဝင်ယူထားတယ်လို့သိရပါတယ်။

စစ်တပ်စစ်​ကြောင်းကို ရတနာပုံတပ်ဦး၊ယူနီကွန်းပျောက်ကြားတပ်၊မင်းကွန်းတိုက်နယ်(၅)နဲ့ PSF တပ် စတဲ့ ဒေသခံ တော်လှန်ရေးတပ်တွေတိုက်ခိုက်နေပြီး လက်နက်ခဲယမ်းလိုအပ်ချက် မြင့်မား နေတယ်လို့သိရပါတယ်။

“တပ်ရင်းတွေတောင် ခဲယမ်းမပြည့်စုံတာ။ Local တပ်တွေ ပိုခက်ခဲတယ်။တိုက်ပွဲကလည်း ရက်ကြာနေပြီ။ဒီတပ်တွေ အကုန်လုံးရှိတာလေးနဲ့ တောင့်ခံ နေတာမို့ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်ခဲယမ်းအကူအညီ ပေး စေချင်တယ်”လို့ ရွှေဘိုခရိုင်တပ်ရင်းတခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တပ်မ ၃၃ ကထွက်လာတဲ့ဒီစစ်ကြောင်းဟာ ကျောင်းထိုင်ဆရာတော်တပါးအပါအဝင်ပြည်သူ၄ဦးကိုသတ်ဖြတ်ထားပြီး နောက်ထပ်အရံ စစ်ကြောင်းတွေပါ လိုက်လာပြီး မင်းကွန်း​ဒေသကိုစိုးမိုးနိုင်ဖို့ စစ်​ကြောင်းထိုးတိုက်ခိုက်​နေတာ ဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။