Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တွင် TNLA ၊ PDF အယောင်ဆောင် ဓားပြအဖွဲ့ဖမ်းမိ

မိုးကုတ်မြို့တွင် PDFနှင့် TNLAအယောင်ဆောင်ပြီး ဓားပြတိုက်နေသည့် အဖွဲ့ကို TNLAရဲတပ်ဖွဲ့ က ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦး သေဆုံးပြီး သုံးဦးဖမ်းမိကာ ဆက်လက် စစ်ဆေးနေသည်။

TNLA ရဲတပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာအရာရှိ များကနမ့်ခမ်းခရိုင်၊မိုင်းဝီးမြို့မြို့တွင်စား​သောက်ကုန်များကိုစစ်​​ဆေးစဥ်။ ။ဓါတ်ပုံ-TNLA

ဇွန်-၂၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

မိုးကုတ်မြို့တွင် PDFနှင့် TNLAအယောင်ဆောင်ပြီး ဓားပြတိုက်နေသည့် အဖွဲ့ကို TNLAရဲတပ်ဖွဲ့ က ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦး သေဆုံးပြီး သုံးဦးဖမ်းမိကာ ဆက်လက် စစ်ဆေးနေသည်။

ဇွန် ၂၅ ရက် ည ၁၂ နာရီခန့်က မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေဘုံသာရပ်ကွက်မှ အိမ်တစ်အိမ် ဓားပြတိုက်ခံရစဉ် TNLAရဲတပ်ဖွဲ့ကသွားရောက်ဖမ်းဆီးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု​ဒေသခံအချို့က​ပြောသည်။

“ဓါးပြတွေကိုဖမ်းမိတယ်။မိုးကုတ်မှာဓါးပြတိုက်တာ ခဏခဏဖြစ်နေတာ။PDFလိုလိုTNLAလိုလိုနဲ့လုပ်နေတာပါ”ဟုဒေသခဲတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဇွန် ၂၅ ရက်ညက ပစ်ခတ်မှုသည် တိုက်ပွဲကဲ့သို့ ပြင်းထန်ခဲ့ပြီး နာရီဝက်ကျော် ကြာခဲ့သည်ဟု ဒေသခံအချို့က​ပြောသည်။

“ဓါးပြအဖွဲ့ကသေနတ်ကောင်းကောင်းတွေပါလာတယ်။တစ်ယောက်သေဆုံးတယ်။သုံးယောက်အရှင်မိထားတယ်။TNLAတဦးလည်းကျသွားတယ်”ဟုTNLAနှင့်နီးစပ်သည့်ဒေသခံကပြောသည်။

ပစ္စတို ၄ လက်၊ ကျည်များ နှင့် TNLA ယူနီဖောင်း‌ အချို့ကိုလည်းသိမ်းဆည်းနိုင်ခဲ့သည်ဟုသိရသည်။ရွှေဘုံသာမှာဓားပြအဖွဲ့ကိုTNLAအဖွဲ့ဝိုင်းဖမ်းရာကနေ အပြန်အလှန်ပစ်ခတ်

“ခေါင်းဆောင်ကတော့သေသွားတယ်တယ်။နာမည်ဖျက်လုပ်စားတိုက်နေတယ့်အဖွဲ့လို့သိရတယ်ဗျ”ဟု ​ဒေသခံတဦးက​ပြောသည်။

ဇွန် ၂၂ ရက်ကလည်းမိုးကုတ်မြို့တောင်တွန်းရွာတွင်TNLA ယူနီဖောင်းဝတ်အမျိုးသားသုံးဦးက ဓားပြတိုက်သွားခဲ့သည်။

မိုးကုတ်မြို့ကို TNLA၊ PDFနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင် ၂၄ရက်တွင် သိမ်းယူခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် TNLAတို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။