Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံတွင် စစ်တပ်က အသက် ၇၀ အမျိုးသမီးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်

စစ်​ကြောင်းလာ​သော်လည်းမကျန်းမာ​သောခင်ပွန်းကိုပြုစုရင်းကျန်ခဲ့​သော အသက် ၇၀ အရွယ်အမျိုးသမီးကိုစစ်သားက ခင်ပွန်း​ရှေ့တွင်ပင်အဓမ္မပြုကျင့်

စစ်​ကောင်စီတပ် စစ်​ကြောင်းထိုးပါက ​ဒေသခံပြည်သူများကို အကြမ်းဖက်၍ ​နေအိမ်များကိုမီးရှို့ဖျက်ဆီး​လေ့ရှိသဖြင့် ပြည်သူအများစုမှာ စစ်​ကြောင်းထိုးလျှင်ထွက်​ပြေးကြရ​လေ့ရှိသည်။ဓါတ်ပုံ-CJ

ဇွန်-၂၆ ၊ ၂၀၂၅ ။ဇော်ရမ်း/People’s Spring

လောင်းလုံးမြို့နယ်တွင်အရပ်သားနေထိုင်ရာကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက အသက် ၇၀ အရွယ်အမျိုးသမီးကြီးအားအကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ပြီး ယင်းအမျိုးသမီးကြီးသည် စိတ်ဒဏ်ရရပြီးကျန်းမာရေးဆိုးရွားနေကြောင်း သတင်းရရှိသည်။

လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာတွင် ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၄ ရက်အထိ တပ်စွဲခဲ့သည့် စစ်တပ်မှ တပ်ဖွဲ့ဝင်တဦးက အသက် ၇၀ အရွယ်ဒေသခံ အမျိုးသမီးကြီးတစ်ဦးအားနှစ်ရက်ဆက်တိုက်ငါးကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟုRosy Women’s Union(RWU) – Dawei က ယ‌နေ့(ဇွန်လ၂၆ရက်)တွင်ထုတ်ပြန်သည်။

ယုတ်မာအောက်တန်းကျသည့် လုပ်ရပ်ဖြစ်ပြီး ကျူးလွန်ခံရသူအမျိုးသမီးကြီးအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းစိတ်ဆိုင်ရာ ကျန်းမာရေးအခြေအနေများကြောင့်အထူးစောင့်ရှောက်ရန်လိုအပ်လျက်ရှိသည်ဟု RWU က ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)ကော်မတီဝင် ကိုမင်းလွင်ဦးကလည်း ” စစ်မိစ္ဆာကောင်တွေ၊ သတ္တဝါတွေအားလုံးရဲ့ ယုတ်ညံ့ဆုံးကောင်တွေ” ဟုလူမှုကွန်ယက်တွင် ပြစ်တင်ရှုံ့ချထားသည်။

ကျူးလွန်ခံရသူသည် စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာချိန်တွင် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ကုန်ကြသော်လည်း ကျန်းမာရေးမကောင်းသည့် ခင်ပွန်းဖြစ်သူကို ပြုစုရန် နှင့် ကိုယ်တိုင် အသက်အရွယ် ကြီးရင့်‌နေ၍ မတိမ်းရှောင်တော့ဘဲ နေအိမ်၌နေကျန်ရစ်ခဲ့ခြင်းဟု RWU က ထုတ်ပြန်ထားသည်။ ၎င်း၏အမျိုးသား ရှေ့တွင်ပင်အဓမ္မပြုကျင့်ခံရခြင်းဖြစ်ပြီး လက်ရှိတွင် လုံခြုံသည့်နေရာသို့ပို့ဆောင်ထားရသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီက အာဏာသိမ်းကာလတစ်လျှောက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးချပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇွန်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော UN-Women Executive Board ၏ ၂၀၂၅ ခုနှစ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့်တန်းတူညီမျှမှုတို့ အာမခံချက်ပေးအပ်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တိကျပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် လုပ်ဆောင်ပေးရန်ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။