Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ အိုးဘိုထောင်တွင်းမှာ ဆုံးပါး

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ ဒီနေ့ (ဇွန်လ ၂၇ ရက်) မနက် ၉ နာရီဝန်းကျင်မှာ အိုးဘိုထောင် ထောင်ဆေးရုံမှာ ဆုံးပါးသွားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

ဓာတ်ပုံ - MDN

ဇွန် – ၂၇ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ ဒီနေ့ (ဇွန်လ ၂၇ ရက်) မနက် ၉ နာရီဝန်းကျင်မှာ အိုးဘိုထောင် ထောင်ဆေးရုံမှာ ဆုံးပါးသွားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

ရုတ်တရက် အမောဖောက်လာပြီး မနက် ၇ နာရီခန့်မှာ ထောင်ဆေးရုံကို ပို့ရာမှာ နာရီပိုင်းအကြာမှာပဲ ဆုံးပါးသွားတာပါ။

“ဆရာက ရောဂါထွေထူးမရှိဘူး ၊ကျန်းမာရေးကောင်းတယ်လို့ပြောရမယ်၊ အခုက ရုတ်တရက်ကြီးဆုံးသွားတာ၊ ဆရာက လွတ်ရက်ကလည်းနီးနေပြီ “လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ မန္တလေးဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ထားပြီး မိသားစုက ရုပ်အလောင်းသယ်ခွင့်ရမရကို မသိရသေးဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းတဲ့ ရက်မှာပဲ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ထောင်ဒဏ် ၃ နှစ် ၊ ကိုဗစ်စည်းကမ်း ချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၅ နှစ်ချခဲ့တာပါ။

ဦးအောင်ကျော်ဦးဟာ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း ထပ်မံအနိုင်ရသူပါ ။

သူဟာ တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သလို ဆုံးပါးချိန်မှာ အသက် ၆၉နှစ်ရှိပါပြီ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်ကလည်း NLD ပါတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ထောင်ဒဏ်နှစ်ရှည်ချခံရတဲ့ ကင်ဆာဝေဒနာသည် ဒေါက်တာဇော်မြင့်မောင်လည်းထောင်တွင်းမှာ ကျန်းမာရေးဆိုးရွားပြီး ကွယ်လွန်ခဲ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မပေးတဲ့အတွက် မလိုအပ်ဘဲ အသက်ဆုံးရှုံးရမှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။