Connect with us

Hi, what are you looking for?

သတင်း

မင်းလှတွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးထပ်ရှို့၊ နှစ်ပတ်အတွင်း ကျေးရွာ ၁၃ ရွာ မီးရှို့ဖျက်ဆီးခံရ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ယနေ့ ဇူလိုင် ၂ ရက်တွင် ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မင်းလှမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

၂၀၂၅ ဧပြီလက ဇရစ်မျောင်နှင့် ရွှေပေါက်ပင်ရွာများသို့ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၊၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ယနေ့ ဇူလိုင် ၂ ရက်တွင် ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မင်းလှမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခန့်က မင်းလှမြို့နယ်၊ ခွက်မအုပ်စု ဇရစ်မျောင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး နံနက် ၁၁ နာရီ ၂၀ ခန့်တွင် ရွှေပေါက်ပင်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ခြင်းဟု ၎င်းက ပြောသည်။

“အရင်တစ်ခါကလည်း အဲဒီနှစ်ရွာကို မီးရှို့ထားသေးတယ်။ အခုက ဒုတိယအကြိမ်မြောက် မီးထပ်ရှို့တာဗျ”ဟု မင်းလှမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် ကျေးရွာနှစ်ရွာတွင် ဇရစ်မျောင်ရွာသည် အိမ်ခြေ ၁၂၀ ခန့်ရှိပြီး ရွှေပေါက်ပင်ရွာမှာ အိမ်ခြေ ၂၀ ကျော်ရှိကြောင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများထံမှ သိရသည်။

ဇူလိုင် ၁ ရက်ကလည်း ဘန့်ဘွေးကုန်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများက ပဲခူးရိုးမပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များရှိနေသည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျွဲမကိုင်းကျေးရွာ၌ရှိနေသော စစ်ကောင်စီတပ်သားများထံကျရောက်ပေါက်ကွဲကာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များက ပြောသည်။ သို့သော် လူထုနွေဦးမှ ယင်းဖြစ်စဥ်အား သီးခြားအတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်က မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ စစ်ကွင်းတာဆုံရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်တပ်အရာရှိအချို့သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများသို့ ဆက်တိုက်ဝင်ရောက်စစ်ကြောင်းထိုးကာ ရွာများကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်။

စစ်ကောင်တပ်သည် ဇွန်လ ၂၀ ရက်ကစပြီး စစ်ကြောင်းများခွဲကာ မင်းလှမြို့နယ်တွင်းမှ ကျေးရွာများသို့ စစ်ကြောင်းထိုးလျှက်ရှိရာ တောင်ပြတ်ရွာမ၊ ဦးတိုကျွဲလမ်းစုရွာ၊ သရော်ကုန်ရွာ၊ ဗိုလ်တထောင်ရွာ၊ ဂန့်ဂေါ်ပင်ရွာမ၊ စုဆားချောင်းရွာ၊ ဆင်အိုင်ချောင်း​ပေါက်ရွာ၊ ငလှစမ်းရွာနှင့် ခွက်မရွာ၊ ကျွဲမကိုင်းရွာအပါအဝင် ကျေးရွာပေါင်း ၁၂ ရွာကို မီးရှို့ဖျက်ဆီးထားသည်။

ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သော ဇရစ်မျောင်နှင့် ရွှေပေါက်ပင်ရွာနှစ်ရွာမှာ ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ကောင်စီတပ်၏ မီးရှို့ခြင်းကိုခံထားရပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ကာ နေအိမ်ထိခိုက်ပျက်စီးမှု အခြေအနေအပြည့်အစုံကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook