Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင်မွေးနေ့မှာ သူရဲ့မျက်နှာပုံ​တွေကိုခြေနဲ့နင်း၊ မီးရှို့၊ ကျင်ငယ်​ရေပန်း၍ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၃)မှာ ကျရောက်တဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မွေးနေ့မှာ သူရဲ့မျက်နှာပုံ​တွေကို ခြေထောက်နဲ့ နင်းချေတာ၊ မီးရှို့တာ၊ ကျင်ငယ်​ရေနဲ့ပန်းတာစတဲ့ သပိတ်လှုပ်ရှားမှုတွေအသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၂၉၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၃)မှာ ကျရောက်တဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မွေးနေ့မှာ သူရဲ့မျက်နှာပုံ​တွေကို ခြေထောက်နဲ့ နင်းချေတာ၊ မီးရှို့တာ၊ ကျင်ငယ်​ရေနဲ့ပန်းတာစတဲ့ သပိတ်လှုပ်ရှားမှုတွေအသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ ကျေးရွာများသပိတ်ကော်မတီနဲ့ တော်လှန်ပြည်သူတွေက အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အသက် ၆၉ နှစ်ပြည့် မွေးနေ့မှာ သူရဲ့ရုပ်ပုံကို ခြေထောက်ဖြင့်နင်းချေခြင်း၊ မီးရှို့ခြင်း စတာ​တွေလုပ်ပြီးဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ် စစ်ကြောင်းက မင်းအောင်လှိုင်ရဲ့ ရုပ်ပုံကို ခြေဖြင့် နင်းခြေပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက မင်းအောင်လှိုင်ရဲ့ ရုပ်ပုံကို မီးရှို့ပြီး “လူယုတ်မာအုပ်စု အမြန်ဆုံးအမြစ်ပြတ်ရေး” ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း ပင်မသပိတ်ကော်မတီရဲ့ အမျိုးသမီးအဖွဲ့ဝင်တွေက မင်းအောင်လှိုင်မွေးနေ့မှာ “နာမ်နှိမ်သပိတ်” အဖြစ် ကျင်ငယ်​ရေနဲ့ ပန်းပြီးပြုလုပ်ခဲ့ပါတယ်။

နိုင်ငံနဲ့ချီတဲ့ ဆုံးဖြတ်ချက်တွေကို ဗေဒင်၊ ယတြာအစီအရင်တွေအားကိုးပြီး ပြုလုပ်ဆုံးဖြတ်လေ့ရှိတဲ့ စစ်အုပ်စုနဲ့ဘုန်းမြင့်ကံမြင့် နိုင်ငံ့ဦးသျှောင်ဖြစ်ချင်လို့ နေရာလုယူထားတဲ့ စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ဘုန်းကံနိမ့်ကျစေဖို့ ရည်ရွယ်ပြီး ‘နာမ်နှိမ်သပိတ်’ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သပိတ်ကော်မတီဝင်တွေက ဆိုပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကလေးမြို့လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။