Connect with us

Hi, what are you looking for?

သတင်း

အမ်းနှင့်ကမ်းထောင့်ကြီးမြို့ကိုစစ်​ကောင်စီဗုံးကြဲ

အာရက္ခတပ်တော်(AA)ထိန်းချုပ်‌ထားသောအမ်းမြို့ နှင့် ကမ်းထောင့်ကြီးမြို့ကို ဇူလိုင်လ-၄ ရက်နံနက်ပိုင်း၌စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည်။

စစ်တပ်က အမ်မြို့ကို ဇူလိုင် ၄ ရက်က ဗုံးကြဲပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-APM

ဇူလိုင်-၄၊၂၀၂၅။အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်‌ထားသောအမ်းမြို့ နှင့် ကမ်းထောင့်ကြီးမြို့ကို ဇူလိုင်လ-၄ ရက်နံနက်ပိုင်း၌စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည်။

အမ်းမြို့၊ပျဉ်းတောရပ်ကွက်စာသင်ကျောင်းကို ယနေ့ နံနက် ၁၁နာရီ ၄၅မိနစ်၌ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင် ကမ်းထောင့်ကြီးမြို့တစ်နေရာကိုပါဗုံးကြဲသွားကြောင်းရခိုင်သတင်းရင်းမြစ်ကပြောသည်။

အမ်းမြို့အားဗုံးကြဲတိုက်ခိုက်မှုတွင်အဆောက်အအုံငါးလုံးထက်မနည်းပျက်စီးခဲ့ပြီးလူထိခိုက်မှုလည်း ရှိကြောင်းကနဦးသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ကမ်းထောင့်ကြီးမြို့အားဗုံးကြဲမှုတွင် ထိခိုက်မှုအခြေအနေကိုမူမသိရသေး​ပေ။ကမ်းထောင့်ကြီးမြို့သည် မြေပုံမြို့နယ်တွင်ပါဝင်သည်။

အမ်းမြို့သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက်သည့်မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၂၀ ရက်တွင်AA က နပခအား သိမ်းယူသည့်တိုက်ပွဲ၌ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို AAက အရှင်ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁၉ ရက်ညကလည်း မင်းပြားနှင့် ပေါက်တောမြို့နယ်ကို လေကြောင်းမှ ဗုံးကြဲခဲ့သည်။

စစ်ကောင်စီသည်ရခိုင်ပြည်နယ်အတွင်းAAထိန်းချုပ်ထားသည့်မြို့နယ်များကို ပြီးခဲ့သည့် မေလမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေသည်။

ကျောက်တော်မြို့ကိုမေလ ၁၃ရက်၊ ၁၄ရက်နှင့် ၁၅ ရက်က ၃ရက်ဆက် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား၂၁ ဦးသေဆုံးခဲ့သည်။ ထို့အပြင် AA ထိန်းချုပ်ထားသည့် သံတွဲမြို့ကိုလည်းဇွန်လ ၇ရက် ညပိုင်းက စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ စစ်ဘေးရှောင်လေးဦး သေဆုံးခဲ့သည်။

အာရက္ခတ်​တော်(AA) က ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ​စစ်​တွေ ၊​ကျောက်ဖြူ ၊ မာန်​အောင် မြို့နယ်မှ အပ ကျန်မြို့နယ်အားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိပြီး ၊စစ်ကားတစ်စီးကိုဖျက်ဆီး

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်အတွင်းက တကူကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။