Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ကို စစ်ကောင်စီ ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို စစ်ကောင်စီက ယနေ့ည ၁၀နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲသွားသည်။

ဇူလိုင်-၄၊ ၂၀၂၅။ အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို စစ်ကောင်စီက ယနေ့ည ၁၀နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲသွားသည်။

ည ၁၀နာရီ ၅မိနစ်နှင့် ၁၀နာရီ ၉မိနစ်တို့တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး မြို့ပေါ်မှနေအိမ်များ တုန်ခါသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ပျက်စီးမှုအခြေအနေကို မသိနိုင်သေးဟုဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က သီပေါမြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်ကြောင်း တအာင်းတပ်မတော် TNLA ကလည်း ယနေ့ ညပိုင်း ထုတ်ပြန်သည်။

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ယနေ့ ည ၁၀ နာရီကျော်အချိန်တွင် ဗုံးများလာရောက်ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အသေးစိတ်အချက်အလက်များကို ဆက်လက်ရေးသားဖော်ပြသွားမည်ဟု PSLF/TNLAသတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးသည်။

စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့၊ ကျောက်မဲမြို့တို့ကို ယခုရက်ပိုင်း ဗုံးကြဲတိုက်ခိုက်နေသည်။

နောင်ချိုမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တနေရာကို မတ်လ ၁၈ရက် ညနက်ပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး စစ်ရေးအခြေနေကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တောမီးကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကို စစ်ကောင်စီက ထိန့်လန့်ပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။