Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲပြင်းထန်​နေ

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်အတွင်း ယနေ့ည တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံများ ဆူညံနေသည်။

Screenshot

ဇူလိုင်-၆၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်အတွင်း ယနေ့ည တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံများ ဆူညံနေသည်။

လက်နက်ကြီးပစ်ခတ်သံများသည် လေးမျက်နှာမြို့နယ်ပတ်ချာလည်ရှိ ဆယ်မိုင်မှ ၁၈ မိုင်ခန့်ဝေးသော နေရာများမှပါ ကြားနေရသည်။

“ဒီ‌နေ့ည ပစ်နေတာ အရင်ထက်ပိုကြမ်းတယ်။ မြေကြီးတေ၊ အိမ်တွေတုန်တယ်။ ငါးမိနစ်ခန့်စီခြားပြီး ဆက်တိုက်ကြီး ပစ်နေတာ” ဟု တလုထ္တော်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တလုထ္တော်မြို့သည်လေးမျက်နှာမြို့နှင့် ၉မိုင်ခန့်ဝေးသည်။ လေးမျက်နှာမြို့နှင့် ၁၆ မိုင်ခန့်ဝေးသော ငါးသိုင်းချောင်းမြို့၊ ၁၈မိုင်ခန့်ဝေးသော ရေကြည်၊ ဟင်္သာတ၊ အင်္ဂပူမြို့နယ်တို့မှလည်း လက်နက်ကြီးသံများ ကြားနေရသည်။

ည၇နာရီခန့်မှ ည ၁၁နာရီခွဲခန့်အတွင်း လက်နက်ကြီးပစ်ခတ်သံ အချက်ရေ ၃၀ထက်မနည်း ကြားနေရသည်။ တစ်ခါတရံ နှစ်ကြိမ်ဆက်ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။

ဇွန်လကုန်ကတိုက်ပွဲတွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်မှ စစ်ကောင်စီတပ်စွဲထားသည့်ကျေးရွာအချို့ကို အာရက္ခတပ်တော် (AA ) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သသည်။ ထိုရွာများသည်ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့ရှိ စစ်ကောင်စီတန်းမြင့်လေ့ကျင်းရေးကျောင်း အထက(၅) နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။

စစ်ကောင်စီနှင့်AA ပူးပေါင်းတပ်များသည် လက်ရှ်ိတွင် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီအဓိကတပ်စွဲထားသည့်အမြောက်တပ်(၃၄၄)အနီး၌လည်း တိုက်ပွဲဖြစ်နေကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လေးမျက်နှာမြို့နယ်ရေဘေးကို ကူညီကယ်ဆယ်ရေးလာတဲ့ ကားတစ်စီး တိမ်းမှောက်ပြီး ၈ ဦး ထိခိုက်မှုရှိခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။