Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသတိုက်ပွဲ ဆက်ဖြစ်နေ၊ စစ်ကောင်စီတပ် အထိနာဟု သတင်းရင်းမြစ်အချို့ပြော

ကချင်ပြည်နယ် ဖားကန့်မြို့အနီးတနေရာတွင် ယနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

KIA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်-ပုံဟောင်း။ ဓာတ်ပုံ - AP

ဇူလိုင်-၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့အနီးတနေရာတွင် ယနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီက ဖားကန့်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့တွင် ဖားကန့်မြို့အနီးတနေရာ၌ တိုက်ပွဲဆက်ဖြစ်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

“မနက်က တွယ်ကြတယ်။ စကစတပ်အများကြီး ထိခိုက်သေဆုံးတယ်။” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၅ရက် ညကလည်း တနိုင်းမှ ဖားကန့်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း သိရသည်။

ဖားကန့်လမ်း နန့်ယားဒေသ တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်၏ အလောင်း ၁၄လောင်း နှင့် လက်နက်ခဲယမ်းများ သိမ်းရခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “မနေ့ကနဲ့ ဒီနေ့တော့ စခ အယောက် ၂၀ကျော်လောက်သေသွားတယ်။ ကျနော်တို့ လက်နက်တွေလည်းရတယ်” ဟု ယမန်နေ့(ဇူလိုင် ၆ရက်)ညပိုင်းက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်၊ အရှင်ဖမ်းဆီးမှုအခြေအနေများနှင့်ပတ်သက်၍ People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဖားကန့်မြို့နယ်အတွင်း လတ်တလောတိုက်ပွဲများ ဆက်တိုက်ဖြစ်နေသော်လည်း KIA ပူးပေါင်းတပ်က မြို့သိမ်း တိုက်ပွဲဖော်ဆောင်နေသည့် ဗန်းမော်တွင် စစ်ရေး ငြိမ်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။