Connect with us

Hi, what are you looking for?

သတင်း

အာဆီယံဝင်ခွင့်အတွက် စစ်ကောင်စီရဲ့ ကန့်ကွက်မှုကို တီမောသမ္မတ ပယ်ချ

တီမောလက်စတီ(အရှေ့တီမော)အနေနဲ့ (၁၁)နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ ‘အဓိပ္ပာယ်မရှိ၊ ကျိုးကြောင်းညီညွတ်မှုမရှိ’ကြောင်း တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားလိုက်ပါတယ်။

တီမောလက်စတီသမ္မတ ဟိုဆေးရာမို့စ်ဟော်တာ။ ဓာတ်ပုံ - AFP

ဇူလိုင်-၇၊ ၂၀၂၅။ People’s Spring

တီမောလက်စတီ(အရှေ့တီမော)အနေနဲ့ (၁၁)နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ ‘အဓိပ္ပာယ်မရှိ၊ ကျိုးကြောင်းညီညွတ်မှုမရှိ’ကြောင်း တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားလိုက်ပါတယ်။

တီမောလက်စတီရဲ့ တင်းပြည့်ကျပ်ပြည့်အာဆီယံအဖွဲ့ဝင်ဖြစ်ရေးလမ်းကြောင်းဟာ စိတ်ချခိုင်မာပြီးဖြစ်ကြောင်း သမ္မတရာမို့စ်ဟော်တာက UCA News သတင်းဌာနကို ပြောဆိုပါတယ်။

မြန်မာစစ်ကောင်စီဟာ တီမောလက်စတီအနေနဲ့ အာဆီယံရဲ့အဓိကမူဝါဒဖြစ်တဲ့ ‘အခြားတစ်နိုင်ငံရဲ့ ပြည်တွင်းကို ကြားဝင်မစွက်ဖက်ရ’ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ တီမောရဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ကို တရားဝင်ကန့်ကွက်ထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“မြန်မာ(စစ်ကောင်စီ)ရဲ့ ကန့်ကွက်မှုဟာ မရောင်ရာဆီလူးပါပဲ။ အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ တီမောလက်စတီအတွက် တရားဝင်ဆုံးဖြတ်ချက်က ချမှတ်ထားပြီးသားပါ။ နောက်ဆုံးအာဆီယံကြေညာချက်မှာ ထင်ဟပ်နေပါတယ်”လို့ သမ္မတရာမို့ဟော်တာက ပြောပါတယ်။

တီမောလက်စတီရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ခြင်းအခမ်းအနားကို လာမယ့်အောက်တိုဘာမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ ပြုလုပ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

“တကယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌက မြန်မာ(စစ်ကောင်စီ)ရဲ့ ကန့်ကွက်မှုကို တုန့်ပြန်လာမယ်ဆိုရင်လည်း တီမောလက်စတီရဲ့ အဖွဲ့ဝင်ဖြစ်ခွင့် ပြင်ဆင်မှုတွေကို ကောင်းကောင်းလုပ်ဆောင်ထားပါတယ်”လို့ တီမောသမ္မတက ထပ်လောင်းပြောဆိုပါတယ်။

မြန်မာစစ်ကောင်စီဟာ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားထံ တီမောလက်စတီနဲ့ပတ်သက်လို့ တရားဝင်ကန့်ကွက်စာ ပေးပို့ထားပြီး တီမောဟာ အာဆီယံပဋိဉာဥ်ပြဋ္ဌာန်းချက် ကြားဝင်မစွက်ဖက်ရေးမူဝါဒကို လိုက်နာခြင်းမရှိကြောင်း ဖော်ပြထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တီမောလက်စတီအနေနဲ့ အာဆီယံပဋိဉာဥ်ကို ဗြောင်ကျကျချိုးဖောက်မှု ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အဆီယံအနေနဲ့ အဖွဲ့ဝင်ဖြစ်ခွင့်အတွက် စဥ်းစားမှုမှန်သမျှကို ပြတ်ပြတ်သားသားပယ်ချရမယ်လို့ စစ်ကောင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် ဟန်ဝင်းအောင်ဆိုသူ လက်မှတ်ထိုး ကန့်ကွက််ထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကတည်းက အာဆီယံရဲ့အရေးယူဒဏ်ခတ်မှုခံနေရတဲ့ စစ်ကောင်စီဟာ အဆင့်မြင့် ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ကြဥ်ခံထားရပြီး လက်ရှိမှာ အာဆီယံအဖွဲ့အစည်းအတွင်း သြဇာအကန့်အသတ် ဖြစ်နေပါတယ်။

စစ်ကောင်စီရဲ့ အပယ်ခံအခြေအနေဟာ အာဆီယံအဖွဲ့ကြီးရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေအပေါ် သြဇာသက်ရောက်ဖို့ အားနည်းစေလိမ့်မယ်လို့ တီမောလက်စတီသမ္မတက အလေးပေး ပြောကြားပါတယ်။

ကိုးကား – Thai PBS

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။