Connect with us

Hi, what are you looking for?

သတင်း

တောင်ငူလေတပ်စခန်းကို ​တော်လှန်​ရေးအဖွဲ့များ ၁၀၇ မမများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများကြောင့် နှစ်ကြိမ်ခွဲ၍ ပစ်ခတ်ခဲ့ရဟု BWM ပြော

​တောင်ငူ​လေတပ်ကို ၁၀၇ မမများဖြင့် ပစ်ခတ်တိုက်ခိုက်စဥ်။ ။ဓါတ်ပုံ- BWM

ဇူလိုင်-၉၊၂၀၂၅။သတိုး/People’s Spring

ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှပြန်လည်ပစ်ခတ်မှုများကြောင့် စစ်ဆင်ရေးကို နှစ်ကြိမ်ခွဲ၍ ပြုလုပ်ခဲ့ကြောင်း Brave Warriors For Myanmar(BWM) တာဝန်ရှိသူကပြောသည်။

“၁၂လုံးကိုပထမအကြိမ်မှာပြီးအောင်မပစ်နိုင်ခဲ့ပါဘူး။စစ်ကောင်စီဘက်ကငါးကြင်းမီးစက်သေနတ်နဲ့တောက်လျှောက်ပစ်နေလို့။ဒုတိယအကြိမ်သွားပစ်ခဲ့ရတာပါ”ဟု၎င်းကပြောသည်။

ဇူလိုင်၈ရက်နံနက်၄နာရီခွဲတွင်BWM၏ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces(MKCDF)၊ Anti-Coup People’s Liberation Force(ACPLF)၊သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့သည် KNLA တပ်မဟာ ၂ ၊တပ်ရင်း ၅ နှင့် ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုန်းများဖြင့်ပစ်ခတ်ခဲ့ရာရှော့တိုက်ဒုန်းလေးလုံးပစ်ခတ်ပြီးချိန်၌ စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီးယင်းနေ့ည ၁၂ နာရီခန့်တွင် ရှော့တိုက်ဒုန်း ရှစ်လုံးထပ်မံပစ်ခတ်ခဲ့ရာ၇လုံးအောင်မြင်ခဲ့ကြောင်းယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“သွားပြန်ပစ်တော့လည်းသူတို့ကလက်နက်ကြီးနဲ့တောက်လျှောက် လှမ်းထုနေတာ။အဲ့ကြားထဲက ချိန်လိုက် ဝပ်လိုက်နဲ့ ရအောင်ပြန်ပစ်ခဲ့ရတာပါ။အလုံးတွေအားလုံးလေတပ်ဝန်းထဲကျတယ်လို့သိရတယ်။ပစ်မှတ်တစ်ခုတည်းကိုတနေ့တည်း ၂ ကြိမ်ပစ်ရတာမို့ အန္တရာယ်ကော အခက်အခဲကောအတော်များပါတယ်” ဟုအထက်ပါတာဝန်ရှိသူကပြောသည်။

တောင်ငူလေတပ်စခန်းဌာနချုပ်သည်ကရင်ပြည်နယ်၊ ကရင်နီ ၊ ရှမ်းပြည်နယ်တောင် ပိုင်းရှိ တော်လှန်ရေးအဖွဲ့များ ၊စစ်ရှောင်ပြည်သူများကို ဗုံးကြဲတိုက်ခိုက်နေသည့် လေယာဉ်များထားရှိခြင်းဖြစ်သောကြောင်းBWM ၏ Mission 42အနေဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုန်းများတောင်ငူလေတပ်စခန်းအတွင်းသို့ကျရောက်ကာ ပေါက်ကွဲသံများကြားရကြောင်း ဒေသခံများကဆိုသည်။

BWM အနေဖြင့် မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကိုဇန်နဝါရီ ၄ရက်၊ ဧပြီ ၃၀ ရက်နှင့် မေလ ၁၈ ရက်တွင်လည်း တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ Blue Shirt ကမ်ပိန်းမှာ ပြည်သူတွေနဲ့အတူ မြေပြင်တော်လှန်ရေးအဖွဲ့တွေလည်း ပါဝင်နေကြပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုကြောင်းနဲ့ ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပါဝင်လာရေး ဆက်ကြိုးပမ်းဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ပြီးမှ ရရှိသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို နောက်ထပ်အာဏာရှင်စနစ်အောက် ပြန်မရောက်ရေး အစွမ်းကုန် ကြိုးစားနေကြောင်း ချင်းညီနောင်ရဲ့ စစ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။