Connect with us

Hi, what are you looking for?

သတင်း

ဝါဆိုလပြည့်ညတွင် ကရင်နီပြည် နှင့် မ​ကွေးတိုင်းကို စစ်​ကောင်စီဗုံးကြဲ ပြည်သူ ၇ ဦးထက်မနည်း​သေဆုံး

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်ညပိုင်းတွင် ကရင်နီပြည် နှင့် မကွေးတိုင်း ၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ ပြည်သူ ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့သည်။

စစ်​ကောင်စီက ဖယ်ခုံမြို့နယ် ရှိ စစ်​ရှောင်စခန်းကို ဇူလိုင် ၇ ရက် ညဗုံးကြဲ၍ ​သေဆုံးခဲ့​သောစစ်​ရှောင်မိသားစု။ဓါတ်ပုံ-Karenni People's Voice

ဇူလိုင်-၉၊၂၀၂၅။ရဲခေါင်/People’s Spring

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်ညပိုင်းတွင် ကရင်နီပြည် နှင့် မကွေးတိုင်း ၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ ပြည်သူ ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့သည်။

မြေပြင်သတင်းရင်းမြစ်များ၏ အတည်ပြုချက်အရ ကရင်နီပြည်နယ်၊မော်ချီးဒေသကို ယနေ့ (ဇူလိုင် ၉ ရက်)ည ၇ နာရီ ခွဲဝန်းကျင်တွင် ဗုံးလေး လုံးထက်မနည်းကြဲခဲ့သည်ဟု သိရသည်။

“မအလက လူသတ်ဖို့ ဘယ်ရက်မှ မရှောင်ခဲ့ဘူး။မော်ချီးနှစ်ချင်းဆရာတော်ရဲ့ နေအိမ်နဲ့ နောက်ထပ် ရွာသားနေအိမ်ပေါ် ဗုံး တည့်တည့်ကလို့ ဆရာ

Public Service Announcement

Public Service Announcement

တော်ရဲ့ အမျိုးသမီးအပြင် နံဘေးအိမ်က တအိမ်သားလုံး ထိမှန်သေဆုံးရတယ်လို့ သိရတယ်ဗျာ။ပြည်သူ (၆)ဦး လေယာဉ်ဗုံး ထိမှန်သေဆုံးသွားတယ်လို့ ကနဦးသိရတယ်”ဟု ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

ထို့အတူ ယနေ့ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်အနောက်မြောက်ပိုင်းမှ သနပ်ရင်းရွာအားစစ်ကောင်စီ၏ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က အသိပေးသည်။

ထို့အပြင် ည ၈ နာရီခွဲဝန်းကျင်တွင် မြိုင်မြို့ အရှေ့ တောင်ဘက် မြို့စွန်ကို ပခုက္ကူတပ်မ ၁၀၁ မှ စက်တပ်လေထီးနှစ်စီးဖြင့်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် နှစ်ခုတွင် သနပ်ရင်းရွာ မှ ပြည်သူတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ကာ တစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း မြိုင်မြို့နယ်မြေပြင်သတင်းမှန် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။

“ပေါင် ၅၀၀ ဗုံးနဲ့ကြဲတာ။​သေတာစစ်ဘေးရှောင်ပြည်သူပါ”ဟု ၎င်းက ပြောသည်။

ယ​နေညပိုင်းတွင် မန္တလေးတိုင်း မှ မိုးကုတ်မြို့အရှေ့ပိုင်းနှစ်နေရာကို ဂျက်ဖ်ိုက်တာဖြင့်ဗုံးကြဲခဲ့ရာက​လေးငယ်များအပါအဝင် ၅ ဦး​သေဆုံးခဲ့​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

Facebook