Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်မှာ ဖမ်းမိတဲ့မူးယစ် ဆေးဝါးတွေဟာတပ်ရင်းနဲ့ မဆိုင်ဘူးလို့ယင်းမာပင်ခရိုင်တပ်ရင်း (၁၅) ငြင်းဆို

NUG ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ စစ်​ဆေးမှုကိုခံယူမယ်လို့ဆို

ဖမ်းဆီးရမိသော မူးယစ်ဆေးများနှင့် သယ်ဆောင်လာသူ ငါးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF ဟားခါး

ဇူလိုင်-၁၀၊၂၀၂၅။ရှိန်း/People’s Spring

ချင်းပြည်နယ်မှာမူးယစ်ဆေးဝါး​တွေသယ်လာတဲ့ကား ၂ စီးနဲ့ ရဲဘော်တွေဖမ်းဆီးရမိတဲ့ဖြစ်စဥ်မှာ မူးယစ်​ဆေးဝါး​တွေသယ်တာဟာ ရဲ​ဘော်​တွေရဲ့လုပ်ရပ်သာဖြစ်ပြီး တပ်ရင်းနဲ့ မဆိုင်ဘူးလို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၅က ထုတ်ပြန်ငြင်းဆိုပါတယ်။

မူးယစ်ဆေးတွေသယ်လာတဲ့ ကားနှစ်စီးကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ က ကိုဇော်နောင်၊ရွှေကြက်သွန်ရွာက ကျေးရွာပကဖ အဖွဲ့ဝင်၊CBE29(YSO)ရဲ့ ကျောင်းအုပ် ကိုအာကာဖြိုး ၊ယာဥ်​မောင်းကိုကျော်ဟိန်း၊ယာဥ်​နောက်လိုက်ကိုဝေမိုးအောင်တို့ ကိုဟားခါးမြို့နယ်အတွင်းဇူလိုင် ၉ ရက်မှာ ဖမ်းဆီးမိခဲ့တယ်လို့ Chinland Defense Force-Hakha(CDF-ဟားခါး)ကဇူလိုင် ၁၀ ရက်မှာထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၁၅က တပ်ရင်းမှူး လက်မှတ်နဲ့ ရဲဘော်၄‌ ယောက်၊​သေနတ် ၂ လက်၊ကား၂စီးနဲ့ ဖောက်ခွဲရေး ယမ်းပစ္စည်းများသယ်ယူရန် ထောက်ခံစာ ပေးအပ်ခဲ့သည်မှာ မှန်ကန်ပြီး မူးယစ် ဆေး သယ်ဆောင်ခဲ့တာဟာ ရဲဘော်များရဲ့ ပုဂ္ဂလိက လုပ်ရပ်သာဖြစ်ပြီး တပ်ရင်းနဲ့ မပတ်သက် ကြောင်း ဒီနေ့(ဇူလိုင် ၁၀ ) ညနေပိုင်းမှာ တပ်ရင်း ၁၅ က ထုတ်ပြန်လာတာဖြစ်ပါတယ်။ဒါအပြင်တပ်ရင်း (၁၅)ကရဲ​ဘော်​မောင်​ဇော်လတ်ကိုဖောက်ခွဲ​ရေးပစ္စည်းတွေသွားသယ်ဖို့အတွက် ​ရေး​ပေးထားတယ်ဆိုတဲ့ထောက်ခံစာဆိုတဲ့ စာရွက် ၁ ရွက်ကိုလည်း ​ဖော်ပြထားပါ​သေးတယ် ။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဉ်ကိုလည်းတပ်ရင်းကစုံစမ်းနေပြီး လွတ်မြောက်နေသော ရဲဘော်ကို ဇော်လတ်၊ကိုပုတီး တို့ကိုလည်းဖမ်းဆီးအရေးယူသွားမယ်လို့ဆိုပါတယ်။အခုကိစ္စနဲ့ပတ်သက်ပြီး​တော့ အမျိုးသားညီညွတ်​ရေးအစိုးရ ၊ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ စစ် ဆေးမှုကိုလည်းခံယူသွားမယ်လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက “ယင်းမာပင်တပ်ရင်း(၁၄/၁၅)များကိစ္စကို စစ်ဆေးဆောင်ရွက်နေပါတယ်။ ပြီးရင် ထုတ်ပြန်ပေးပါ့မယ်”လို့ ဇူလိုင် ၁၀ ရက် ​​နေ့ခင်းပိုင်းကပြောပါတယ်။

NUG ကမထုတ်ပြန်​သေးခင် ယင်းမာပင်ခရိုင်တပ်ရင်း (၁၅)က အခုလိုထုတ်ပြန်ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

ကား တွေနဲ့အတူဖမ်းမိခဲ့တဲ့ ကားသမားကို ကျော်ဟိန်းကတော့ ဒီမူးယစ်ဆေးတွေကိုဆားလင်းကြီး မြို့နယ်၊ငွေသာကျေးရွာအနီး တပ်ရင်း ၁၅ ရဲ့ နေရာကနေ တင်လာခဲ့တာလို့ CDF ဟားခါးကရဲ​​ဘော်​တွေရဲ့​မေးမြန်းမှုကိုဖြေကြားထားပါတယ်။

ဒါအပြင် ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)မှ ကိုဇော်နောင်ဆိုတဲ့ ရဲဘော်က​တော့ တပ်ခွဲမှူး ကိုပုတီးနေထိုင်တဲ့နေရာက​နေသယ်လာတာဖြစ် ပြီးလေးခေါက်မြောက် လို့ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။