Connect with us

Hi, what are you looking for?

သတင်း

မြောင်မှာ စစ်သားတစ်ဦး နှိပ်စက်ခံရလို့ ထွက်ပြေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦး စစ်အုပ်စုရဲ့ နှိပ်စက်တဲ့ ဒဏ်မခံနိုင်လို့ ထွက်ပြေးလာကြောင်း ကျေးရွာတပ်ပေါင်းစု(Myaung)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထွက်ပြေးလာသော စစ်ကောင်စီတပ်သားအား တွေ့ရစဥ်။ ဓာတ်ပုံ- ကျေးရွာတပ်ပေါင်းစု-Myaung

ဇူလိုင်-၁၁၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦး စစ်အုပ်စုရဲ့ နှိပ်စက်တဲ့ ဒဏ်မခံနိုင်လို့ ထွက်ပြေးလာကြောင်း ကျေးရွာတပ်ပေါင်းစု(Myaung)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် (၅)ရက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ကျောက်ရစ်ရဲစခန်းရှိ စစ်ကောင်စီထိုင်စခန်းမှ စစ်ကောင်စီတပ်သား သန်းထိုက်ဆိုသူဟာ စခန်းအတွင်း ကြီးနိုင်ငယ်ညှင်း နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်လို့ဆိုပြီး ထွက်​ပြေးလာချိန် ဖမ်းဆီးရမိခဲ့ကြောင်း ကျေးရွာတပ်ပေါင်းစု(Myaung)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အောက်လက်ငယ်သားတွေအပေါ် အစားအသောက်ကျွေးမွေးချိန် ခွဲခြားဆက်ဆံခံရတယ်တဲ့။ အလကားနေ ဆဲဆို‌ကြိမ်းမောင်းရိုက်နှက်တယ်လို့ပြောတယ်”လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်မဲ့ထွက်ပြေးလာတဲ့ အဲဒီစစ်ကောင်စီတပ်သားကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် လုံခြုံတဲ့ တနေရာကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ကျောက်ရစ်ရဲစခန်းက စစ်အုပ်စုဟာ မြောင်မြို့နယ်အပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ဘက်ခြမ်းကိုပါ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူတွေကို သတ်ဖြတ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။

စစ်ကောင်စီလက်အောက်ကနေ ထွက်ပြေးလိုသူတွေကို အကူအညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဇွန်လ တတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၄၂၉ ဦးထိရှိခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။