Connect with us

Hi, what are you looking for?

သတင်း

မြောင်မှာ စစ်သားတစ်ဦး နှိပ်စက်ခံရလို့ ထွက်ပြေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦး စစ်အုပ်စုရဲ့ နှိပ်စက်တဲ့ ဒဏ်မခံနိုင်လို့ ထွက်ပြေးလာကြောင်း ကျေးရွာတပ်ပေါင်းစု(Myaung)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထွက်ပြေးလာသော စစ်ကောင်စီတပ်သားအား တွေ့ရစဥ်။ ဓာတ်ပုံ- ကျေးရွာတပ်ပေါင်းစု-Myaung

ဇူလိုင်-၁၁၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦး စစ်အုပ်စုရဲ့ နှိပ်စက်တဲ့ ဒဏ်မခံနိုင်လို့ ထွက်ပြေးလာကြောင်း ကျေးရွာတပ်ပေါင်းစု(Myaung)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် (၅)ရက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ကျောက်ရစ်ရဲစခန်းရှိ စစ်ကောင်စီထိုင်စခန်းမှ စစ်ကောင်စီတပ်သား သန်းထိုက်ဆိုသူဟာ စခန်းအတွင်း ကြီးနိုင်ငယ်ညှင်း နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်လို့ဆိုပြီး ထွက်​ပြေးလာချိန် ဖမ်းဆီးရမိခဲ့ကြောင်း ကျေးရွာတပ်ပေါင်းစု(Myaung)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အောက်လက်ငယ်သားတွေအပေါ် အစားအသောက်ကျွေးမွေးချိန် ခွဲခြားဆက်ဆံခံရတယ်တဲ့။ အလကားနေ ဆဲဆို‌ကြိမ်းမောင်းရိုက်နှက်တယ်လို့ပြောတယ်”လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်မဲ့ထွက်ပြေးလာတဲ့ အဲဒီစစ်ကောင်စီတပ်သားကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် လုံခြုံတဲ့ တနေရာကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ကျောက်ရစ်ရဲစခန်းက စစ်အုပ်စုဟာ မြောင်မြို့နယ်အပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ဘက်ခြမ်းကိုပါ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူတွေကို သတ်ဖြတ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။

စစ်ကောင်စီလက်အောက်ကနေ ထွက်ပြေးလိုသူတွေကို အကူအညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဇွန်လ တတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၄၂၉ ဦးထိရှိခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook