Connect with us

Hi, what are you looking for?

သတင်း

မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ စစ်ကိုင်းတိုင်းအတွင်း ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၁)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ဆန္ဒပြတဲ့ လူထုသပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင် ၁၁၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၁)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ဆန္ဒပြတဲ့ လူထုသပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ နဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်ကြဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ “စစ်အာဏာရှင်ဆန့်ကျင်ရေး” ၊ “မတရားတဲ့စစ်မှုထမ်းဥပဒေဆန့်ကျင်ရေး” ၊ “အရေးတော်ပုံမုချအောင်ရမည်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းက တော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီး “ပြည်သူ့အားမာန်သပိတ်” စာသားကိုင်ဆွဲကာ လူထုသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်တွေကို နေ့စဉ်မပြတ်ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။